ကိုယ်ပိုင် ပုံမှန်ဝင်ငွေရအောင် Mummy’s Marketplace ဆိုင်ကို တည်ထောင်လိုက်တဲ့ နန်းမြတ်ဖြိုးသင်း

0
257

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းကွယ်လွန်သွားပြီးတဲ့နောက််မှာ ပုံမှန်ဝင်ငွေလည်း ရရှိအောင် မေမေတစ်ယောက်လိုအပ်မယ့် ပစ္စည်းလေးတွေ တစ်နေရာတည်းမှာ ရနိုင်ဖို့ Online Shop လေးတစ်ခု ပြုလုပ်လိုက်တဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို ပဲရေးသားထားပါတယ်။

 

“နန်းမြတ်ကိုယ်ပိုင် ပုံမှန်ဝင်ငွေရှိမှဖြစ်တော့မှာမို့ online shop လေးတစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။ အိမ်ရှင်မ တစ်ယောက်၊ မေမေ တစ်ယောက် လိုအပ်မယ့်ပစ္စည်းလေးတွေ ရောင်းမှာပါ။ အသုံးလိုမယ် အဆင်ပြေမယ်ဆို အားပေးကြပါဦးနော်။ နန်းမြတ်ကိုယ်တိုင် သုံးရတာ အဆင်ပြေတဲ့ပစ္စည်းလေးတွေ စရောင်းပါမယ်ရှင့်။

 

Wholesale ပေးချင်တဲ့သူ ကူညီနိုင်မယ့်သူရှိရင်လဲ ဆက်သွယ်ပေးပါဦးနော်။ ဘာမှအဆက်အသွယ် မရှိပဲ ခုမှစလုပ်မှာမို့လို့ပါ။ စာနာသော အားဖြင့် ဂျင်းတော့မထည့်ကြပါနဲ့နော်။ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းဖို့မျှော်လင့်ပါတယ်။

Pageလေးကို like လုပ်ထားပေးပါဦးနော်။ နန်းမြတ် အကောင်းဆုံးကြိုးစားပါမယ်။” ဆိုပြီး ရေးသားထားပါတယ်။

#Popularjournal
Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here