စစ်တွေမှာ ဆိုင်ထိုင် စားသောက်သူ အယောက် ၃၀ကျော် အဖမ်းခံရ

0
249

စစ်တွေမှာ ဆိုင်ထိုင် စားသောက်သူ အယောက် ၃၀ကျော် အဖမ်းခံရ

စစ်တွေ၊ စက်တင်ဘာ ၆ရက်

ချမှတ်ထားတဲ့ ကိုဗစ်ဆိုင်ရာ စည်းကမ်းတွေကို မလိုက်နာ ဖောက်ဖျက်ရင် အရေးယူမယ်လို့ ရခိုင်ပြည်နယ် ရဲရုံးကဆိုပြီး အခုရက်ထဲ စစ်တွေ အပါအဝင် ရခိုင်မြို့နယ်တွေမှာ အရေးယူမှုတွေဆက်တိုက်လုပ်နေတာတွေ့ရပါတယ်။

စက်တင်ဘာ ၄ရက်က စစ်တွေမြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ ဆိုင်ထိုင်စားသောက်နေတာ ရှိလို့ အယောက် ၃၀ကျော်ကို ဖမ်းဆီး အရေးယူ ထားတယ်လို့ ပြည်နယ်ရဲကပြောပါတယ်။

သူတို့တွေကို သဘာဝဘေးဆိုင်ရာဥပဒေ၂၅/၂၉နဲ့အမှုဖွင့်ထားတယ်လို့ပြောပါတယ်။

စက်တင်ဘာ ၂ရက်ကလည်း ဂွမှာ အကြောင်းမဲ့ နေအိမ်ပြင်ပ သွားလာသူ၂ဦးကို ပုဒ်မ၁၈၈နဲ့ အလုပ်မဲ့ထောင်၁လချလိုက်တယ်လို့ လည်းဆို ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here