ရေမီတာတိုင်းတာခြင်း Smart Water Metering အစီအစဉ်သစ်တွင် ရေဖိုးများကိုပါ Online Payment ဖြင့် ဆောင်ရွက်နိုင်ရန်​ ဆွေးနွေး

0
201

ရေမီတာတိုင်းတာခြင်း Smart Water Metering အစီအစဉ်သစ်တွင် ရေဖိုးများကိုပါ Online Payment ဖြင့် ဆောင်ရွက်နိုင်ရန်​ ဆွေးနွေး

ရန်ကုန် စက်တင်ဘာ ၆

ရေမီတာတိုင်းတာခြင်း Smart Water Metering နည်းပညာဆိုင်ရာနှီးနှောဖလှယ်ပွဲကို ယမန်နေ့ စက်တင်ဘာ ၅ရက်နေ့ နေ့လည် ၂နာရီက ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ထပ်ခွဲရုံးတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေပေးဝေရေးနှင့်သန့်ရှင်းမှု) နှင့် North Gate Engineering & Technology Co.,Ltd တို့ပူးပေါင်း ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပွဲသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြို့တော်ဝန်မှ “ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့နေ ပြည်သူများအတွက် နေ့စဉ်ရေဂါလံ သန်း(၂၂၀)အား ဖြန့်ဖြူးပေးလျက်ရှိပြီး မည်သို့ပင် ရေအားဖြည့်ပေးနေစေကာမှု ရေလေလွင့် ဆုံးရှုံးမှုနှုန်းမြင့်တက်နေရာ ခေတ်မီရေမီတာစနစ်ပြောင်းလဲ တပ်ဆင်ခြင်းဖြင့် ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်း၊ ယနေ့တွင် ခေတ်မီ Ultrasonic နည်းပညာသုံး ရေမီတာတိုင်းတာခြင်း Smart Water Metering အကြောင်းဆွေးနွေးကြ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွက်များစွာ အထောက်အကူပြုမည်ဟု မျှော်လင့်ပါကြောင်းနှင့် ယခုနည်းပညာအသစ် များကိုလည်း ရန်ကုန်မြို့ အတွက် အကျိုးရှိစွာအသုံးချသွားနိုင်မှာကို ယုံကြည်ပါကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ပြီး North Gate Engineering &Technology Co.,Ltd မှ ဒိန်းမတ်နိုင်ငံထုတ် KAMPSTRUP Water Solutions စနစ်၏ အဆင့်မြင့် နည်းပညာများနှင့် ပတ်သက်၍ “ယင်း Ultrasonic Water Meter များသည် ရင်းနှီးမြှုပ်နှံမှုများအချိန်တိုအတွင်း ပြန်လည် ရရှိိနိုင်ခြင်း၊ တိကျသောရေခွန် တန်ဖိုးများထုတ်ပေးနိုင်ခြင်းနှင့် ရေသုံးစွဲမှုယူနစ်များ ရရှိစေခြင်း၊မည်သည့် Flow Rate တွင်မဆို တိကျသော ယူနစ်များကို ထုတ်ပေးနိုင်ခြင်း၊ နှစ်ပေါင်း ၂၀အသုံးပြုနိုင်သော ဘက်ထရီကို အသုံးပြုထား၍ ၎င်းမီတာသည် ရေယိုစမ့်ခြင်း၊ ရေပိုက်များ ပေါက်ခြင်း၊ ရေများပြောင်းပြန်စီးခြင်း များကိုလည်း မီတာဖတ်သူ၏ Mobile Phone Application သို့အချက်ပေးနိုင်ခြင်း၊ ရေမြုပ်သည့် ဒဏ်ခံနိုင်ခြင်း၊ မီတာ၏လားရာနှစ်ဖက်စလုံးရေစီးဆင်းမှုများကို တိုင်းတာနိုင်ခြင်း၊ လွယ်ကူစွာ တပ်ဆင် အသုံးပြုနိုင်၍ အသံလှိုင်းဖြင့် တိုင်းတာခြင်းနည်းပညာအသုံး ပြုထားသော ကြောင့် ရေအမျိုးအစားနေရာဒေသမရွေးအသုံးပြုနိုင်ခြင်း၊ ရေမီတာဖတ်သူမှ မီတာ ၂၀၀ အကွာအဝေးမှ Radio Receiver အသုံးပြု၍မီတာဖတ်နိုင်ပြီး မီတာဖတ်သူမှာပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ဘဲရေမီတာခ အပြည့်အဝ ကောက်ခံနိုင်ခြင်း၊ ရေယူနစ်ကောက်ယူရာတွင် မီတာကောက်ခံသူမှ ယာဉ်ဖြင့် ဖြတ်သန်းမောင်းနှင်စဉ် မီတာ ၂၀၀ပတ်လည် အတွင်း Radio Receiver အသုံးပြု၍ Mobile Phone သို့မဟုတ် Tablet သို့ Wireless စနစ်ဖြင့် မီတာဖတ်သူ(၃)ဦးလျှင် တစ်ရက် အတွင်း ရေမီတာအလုံး(၁၀၀၀၀)မှ ရေသုံးစွဲမှုယူနစ်များကို တိကျစွာ ရရှိနိုင်ပြီး သက်ဆိုင်ရာရုံးသို့ Data များပေးပို့နိုင်ကြောင်း” ရေဖိုးရေခ Online Payment ဆောင်ရွက်နိုင်မည့် အစီအစဉ်အားရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးချက် အပေါ် ကုမ္ပဏီ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here