ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး (၁၁) ကြိမ်မြောက် အစည်းအဝေးကို နိုင်ငံတော် ဝန်ကြီးချုပ်‌တက်ရောက်

0
140

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး (၁၁) ကြိမ်မြောက် အစည်းအဝေးကို နိုင်ငံတော် ဝန်ကြီးချုပ်‌တက်ရောက်

နေပြည်တော် စက်တင်ဘာ ၆

 ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာမှာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာသည့် အခြေအနေများ၊ အထူးမြို့နယ်များ သတ်မှတ်၍ ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊  နယ်စပ်ဂိတ်များမှတဆင့် ပြန်လည် ဝင်ရောက်လာသူများကို စနစ်တကျ စစ်ဆေး လက်ခံပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်း ၌အောက်ဆီဂျင် လိုအပ်မှုနှုန်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းလာမှု အခြေအနေများ၊ ကာကွယ်ဆေးများထိုးနှံ ပေးလျက်ရှိ သည့် အခြေအနေများ၊ ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိလာမည့် အခြေ အနေ များနှင့် ထပ်မံမှာယူထားရှိမှု အခြေအနေများ၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာ ဆက်လက်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက  Video Conferencing ဖြင့် တက်ရောက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here