ထိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ကျော်အား ယနေ့လွှဲပြောင်း

0
55

ထိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ကျော်အား ယနေ့လွှဲပြောင်း

 

တာချီလိတ်၊ စက်တင်ဘာ၆ရက်

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသော မြန်မာရွှေ့ပြောင်း အလုပ်သမား(၅၇)ဦးနှင့် အတူအကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ် ကျခံပြီး ပြစ်ဒဏ်စေ့မြန်မာရွှေ့ပြောင်းအလုပ်သမား(၁၆၄)ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယနေ့လွှဲပြောင်းလာရာ မြန်မာဘက်က လက်ခံဆောင်ရွက်ပေးခဲ့သည်။

ထိုင်းဘက်ကလွှဲပြောင်းလာသော ပြည်တော်ပြန်မြန်မာ‌ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြစ်ဒဏ်စေ့ မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကျား(၁၂)ဦး၊ မ(၆)ဦး ပေါင်း(၁၈)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲရသည်။

ထိုသူတို့အား ဝမ်လုံး(Positive Center)သို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိနေသည်။

ပထမအကြိမ် ကိုဗစ်-၁၉ရောဂါပိုးစစ်‌ ဆေးရာ၌ ပိုးမတွေ့ရှိသူ ကျား(၁၁၃)၊ မ(၉၀)၊ပေါင်း(၂၀၃)ဦး တို့အား ဝမ်လုံးQuarantine Centerတွင် (၂)ရက်ထားရှိကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ထပ်မံစစ်ဆေးသွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိမှသာ နေရပ်အသီးသီး သို့ပြန်လည် ပို့ဆောင်သွားမည်ဟု တာချီလိတ်ခရိုင် ထွေ/အုပ်ကဆိုသည်။

ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများကို ဝမ်လုံး Positive Center တွင် ကျန်းမာရေးနှင့်အာကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ (၁၁)ရက်နေထိုင်ပြီးမှသာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်သွားမည်ဟုလည်း ထွေအုပ်ရုံးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here