ကရင်ပြည်နယ် ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံပေါ် လက်နက်ကြီး ကျရောက် ဆေးရုံတက် အဘွားအို ထိခိုက်ဒဏ်ရာရသွား

0
237

နေပြည်တော်၊ စက်တင်ဘာ – ၆

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က KNLA အဖွဲ့နှင့် တပ်မတော်တို့ ထိတွေ့မှုဖြစ်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသမှုခံယူ လျက် ရှိသည့် အသက် ၇၈ နှစ်အရွယ် အဘွားအို ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းသတင်းအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ ဆေးရုံ၏ အရှေ့မြောက်ဘက်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ KNLA အဖွဲ့သည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ KNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆေးရုံအိမ်သာနှင့် လူနာဆောင်နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ ဆေးရုံအဆောက်အဦများ အနည်း ငယ်ထိမှန်ပျက်ဆီးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိ သည့် မဲသလွတ်ကျေးရွာနေ ဒေါ်ချစ်မေ၊ အသက် ၇၈ နှစ်တွင်လည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း”သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here