ဂီနီနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းခြင်းကို ဗြိတိန် ပြစ်တင်ရှုတ်ချ

0
170
လန်ဒန်၊ စက်တင်ဘာ ၈
ဂီနီနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းကာ သမ္မတဖြစ်သူအား ထိန်းသိမ်းထားခြင်း အပေါ် အာဖရိကဆိုင်ရာ ဗြိတိန်ဝန်ကြီး(UK Minister for Africa)က ပြစ်တင် ရှုတ်ချလိုက်ကြောင်း ဗြိတိန်အစိုးရမှ သတင်းထုတ်ပြန်ထားသည်။
“ဗြိတိန်အစိုးရဟာ ဂီနီနိုင်ငံသမ္မတ Alpha Conde ကို အင်အားသုံး ဖယ်ရှားခြင်းအပေါ် ပြစ်တင်ရှုတ်ချရာမှာ အနာက်အာဖရိက နိုင်ငံများ စီးပွားရေးအဖွဲ့(ECOWAS)၊ အာဖရိကသမဂ္ဂ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ နဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပူးပေါင်းထားပါတယ်။ ထိန်းသိမ်းထားတဲ့ သမ္မတကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့၊ ငြိမ်းချမ်းစွာဆွေးနွေးကြခြင်း အားဖြင့် တင်းမာမှုတွေကို လျော့ပါးစေဖို့နှင့် တရားဥပဒေ စိုးမိုးရေးအပါအဝင် ဒီမိုကရေစီ အခြေခံမူတွေကို လေးစားလိုက်နာဖို့ တောင်းဆိုပါတယ်။ ကျွန်ုပ်တို့ဟာ ဂီနီနိုင်ငံရဲ့ အဖြစ်အပျက်တွေ ကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အတူတကွ အနီးကပ်စောင့်ကြည့်နေပါတယ်” စသည်ဖြင့် အာဖရိကဆိုင်ရာ ဗြိတိန် ဝန်ကြီး မစ္စတာ James Duddridge ပြောကြားကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား
UK condemns the military seizure of power in Guinea: Minister Duddridge statement(ဗြိတိန်နိုင်ငံအစိုးရ၏ အင်တာနက်ဝက်ဆိုက် www.gov.uk)

LEAVE A REPLY

Please enter your comment!
Please enter your name here