သင်္ဃန်းကျွန်း လျှပ်စစ်ရုံးနှင့် သာကေတ ရဲစခန်းရှေ့ တို့တွင် ပေါက်ကွဲမှုများဖြစ်

0
378

သင်္ဃန်းကျွန်းလျှပ်စစ်ရုံးနှင့် သာကေတရဲစခန်းရှေ့တို့တွင် ပေါက်ကွဲမှုများဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၈

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ လျှပ်စစ်ရုံးရှေ့နှင့် သာကေတမြို့နယ်၊ မြင်တော်သာလမ်း၊အမှတ်(၁) မြို့မရဲစခန်းရှေ့ တို့တွင် ပေါက်ကွဲမှုများ ယမန်နေ့ ညနေနှင့် ညပိုင်းက ဖြစ်ပွားခဲ့သည်။

သင်္ဃန်းကျွန်း လျှပ်စစ်ရုံးပေါက်ကွဲမှု လျှပ်စစ်ရုံးရှေ့ရှိ ထီးမိုးသဲအိတ်ဘန်ကာအား ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းနှင့်ပေါက်ကွဲမှုကြောင့် လူပစ္စည် းထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။

သာကေတ ရဲစခန်းရှေ့ ပေါက်ကွဲမှုတွင်လည်း လူထိခိုက်ဒဏ်ရာမရှိဟု သိရသည်။

သာကေတစခန်းရှေ့ ဗုံးပေါက်ကွဲပြီး ၅ မိနစ်အကြာ မြင်တော်သာလမ်းရှေ့တွင် ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့သေးသည်။

ယင်းပစ်ခတ်မှုကို တာဝန်ရှိသူတို့က အပြန်အလှန်ပစ်ခတ်မှုမဟုတ်ဟုဆိုကာ သာကေတ မြို့နယ်စည်ပင်ရုံးအနီး ယာဉ်စစ်ဆေးသည့်နေရာတွင် အစစ်ဆေးမခံဘဲ မောင်းထွက်သွားသည့် ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်၍ ထိခိုက်မှုမရှိဟုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here