အမျိုးသားကန်တော်ကြီးဥယျာဉ်ကို Private Tour Plan ဖြင့် စတင်လည်ပတ်ခွင့်ပြု

0
138

အမျိုးသားကန်တော်ကြီးဥယျာဉ်ကို Private Tour Plan ဖြင့် စတင်လည်ပတ်ခွင့်ပြု

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့က အမျိုးသားကန်တော်ကြီးဥယျာဉ်ကို စက်တင်ဘာ (၇) ရက်နေ့ကစပြီး ကိုဗစ်၁၉ စည်းကမ်းချက်တွေနဲ့အညီ Private Tour Plan ဖြင့် လည်ပတ်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

အဖွဲ့ ၁ဖွဲ့အတွက် ၁၅၀၀၀ ကျပ်ကျသင့်ကာ ၁ရက်ကို အဖွဲ့ ၃၀ သာလက်ခံမှာဖြစ်ပြီး အဖွဲ့တစ်ဖွဲ့ကို လူ ၅ဦးအထိ ခွင့်ပြုထားကြောင်းလည်းသိရပါတယ်။

Private Tour Plan ဖြင့် လာရောက်လည်ပတ်
သူတွေကို ဥယျာဉ်အတွင်း ဘက်ဂီကားဖြင့် ၁ ပတ်လည်ပတ်ခွင့်ပြုထားတဲ့အပြင် သစ်ခွဥယျာဉ် ဝင်ကြေးကင်းလွတ်ခွင့်၊ လိပ်ပြာပြ တိုက်ဝင် ကြေးကင်းလွတ်ခွင့်နှင့် သဘာဝဥယျာဉ်တို့ကို ဝင်ရောက်လည်ပတ်ခွင့်ပြုထားကြောင်းသိရပါတယ်။

မိသားစုသီးသန့်လည်ပတ်နိုင်ဖို့အတွက် အခုလို စီစဉ်ပေးတာဖြစ်ပြီး လက်မှတ်တွေကို ဥယျာဉ် ဝင်ခွင့် လက်မှတ်ရောင်းချတဲ့နေရာမှာ အလွယ်တကူဝယ်ယူရနိုင်ကြောင်းလည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here