MHA-ပုဂံဇုန်မှ ကိုဗစ်ဝေဒနာရှင် များအတွက် အိမ်တိုင်ရာရောက် ရွေ့လျား ကုသရေးဆောင်ရွက်

0
78

MHA-ပုဂံဇုန်မှ ကိုဗစ်ဝေဒနာရှင်များအတွက် အိမ်တိုင်ရာရောက် ရွေ့လျားကုသရေးဆောင်ရွက်

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MHA-ပုဂံဇုန်) မှ မတည်ပြီး ကိုဗစ် ရောဂါခံစားနေရတဲ့လူနာတွေကို ရွေ့လျားကုသရေးပုံစံဖြင့် ကုသမှုပေးကာ ကူညီဆောင်ရွက် ပေးလျက်ရှိပါတယ်။

စက်တင်ဘာလ ၄ရက်နေ့ကစပြီး ဆရာဝန်၊ဆရာမများနဲ့ နာပ်စ်အကူများပါဝင်တဲ့ ရွေ့လျားကုသရေးအဖွဲ့က ကုသမှုပေးနေတာပါ။

ပထမအစီအစဉ်အနေနဲ့ ပုဂံနဲ့ချောက်မြို့ ကြားမှာရှိတဲ့ ကျေးရွာရပ်ကွက် ၃၅ခုမှ ကိုဗစ်ဝေဒနာရှင်များကို အိမ်တိုင်ရာရောက် လိုက်လံကုသပေးကာ အောက်ဆီဂျင်လယ်ဗယ် ၉၀အောက် ရောက်နေတဲ့လူနာတွေ အတွက် ဆေးထိုး၊ ဆေးတိုက်ခြင်းတွေ အပါအဝင် Oxygen Concentrator တွေကိုပါ တပ်ဆင်ပေးလျက်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် မင်းဒင်ဖောင်ဒေးရှင်းမှလည်း လိုအပ်တဲ့ အောက်ဆီဂျင် ဆလင်ဒါအိုးများ ပေးနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

ယခုလိုကုသမှုတွေအတွက် အခမဲ့ဝန်ဆောင်မှု ပေးတာဖြစ်ပြီး ပုဂံညောင်ဦးမြို့ပေါ်မှ ရပ်ကွက်တွေ အတွင်းမှာရှိတဲ့ ဝေဒနာရှင်များအတွက် တတ်နိုင်သမျှ ကြည့်ရှု စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမယ့် အကြောင်းလည်း သတင်းစကား ဆိုထားပါတယ်။

ပုဂံညောင်ဦးမှာ နေထိုင်တဲ့မိဘပြည်သူများအနေနဲ့ အကူအညီများ လိုအပ်ပါက ၀၉-၇၅၃၇၆၂၈၄၄၊ ၀၉-၄၄၃၃၀၇၄၄၅၊ ၀၉၈၉၆၀၀၂၇၂၈ နှင့် ၀၉-၂၀၀၀၁၃၂ တို့ကို ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးကြေငြာထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here