တရုတ်နိုင်ငံအစိုးရက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ နယ်စပ်ဂိတ်မှ တစ်ဆင့် မော်တော်ယာဉ်များဖြင့် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းမည်

0
176

တရုတ်နိုင်ငံအစိုးရက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ကိုဗစ်ရောဂါထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းမည်

ရန်ကုန်၊စက်တင်ဘာ ၈ရက်

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် Oxygen Concentrator အလုံး ၆၀၀ တို့ကို တရုတ်အစိုးရက ယူနန်ပြည်နယ် နယ်စပ်ဂိတ်များမှ တဆင့် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးများ သို့ ပို့ဆောင်လှူဒါန်းမည်ဟု မြန်မာကောင်စစ်ဝန်ချုပ်ရုံးကပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တိုက်ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ အစိုးရ နိုင်ငံခြားရေးရုံးက မြန်မာနိုင်ငံကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် တရုတ်ယွမ်ငွေ ၁ ဒသမ ၅၅ သန်း တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ထိန်ချုံးမြို့၌ ကျင်းပခဲ့ရာ ယူနန် ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Wang Wei က လှူဒါန်းသည့် ပစ္စည်းများ ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စား ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်ကလက်ခံရယူခဲ့သည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးက မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အစိုးရနှင့် ကချင်ပြည်နယ်အစိုးရတို့သို့ လှူဒါန်းသည့် တရုတ်ယွမ်ငွေ ၁ ဒသမ ၅ သန်း တန်ဖိုးရှိ Oxygen Concentrator အလုံး ၆၀၀ အား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို သြဂုတ် ၃၀ ရက်တွင် ယူနန်ပြည်နယ် ယိုရှီးမြို့ရှိ CMC စက်ရုံတွင် ကျင်းပခဲ့ရာ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြား ရေးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Kun က လှူဒါန်းသည့် ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စား ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က လက်ခံရယူခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here