မြန်မာပလာဇာရှော့ပင်းစင်တာ မီးပွိုင့်ရှေ့က ပိုက်ဆံ တောင်းရမ်းနေတဲ့ မသန်စွမ်း အမျိုးသမီး မအေးအေးစန်းရဲ့ ဘ၀ကို ရှင်သန်နေတဲ့ အပိုင်းအစ တချို့

0
475

မြန်မာပလာဇာရှော့ပင်းစင်တာ မီးပွိုင့်ရှေ့က ပိုက်ဆံတောင်းရမ်းနေတဲ့ မသန်စွမ်းအမျိုးသမီး မအေးအေးစန်းရဲ့ ဘ၀ကိုရှင်သန်နေတဲ့ အပိုင်းအစတချို့

ကမ္ဘာအေးဘုရားလမ်းမပေါ် မြန်မာပလာဇာ ရှောပင်းစင်တာ ရှေ့ရဲ့ မီးပွိုင့်မှာ ပိုက်ဆံတောင်းရမ်းနေတဲ့သူ တစ်ယောက်ကိုတွေ့ရပါတယ်။သူမကတော့ မွေးရာပါ မသန်စွမ်း လက်နှစ်ဖက်မရှိခဲ့တဲ့ အသက်၂၇နှစ်အရွယ် မအေးအေးစန်းပဲဖြစ်ပါတယ်။ မအေးအေးစန်း ဟာဆိုရင် သန်လျင်မြို့နယ်မှာ နေထိုင်တာဖြစ်ပြီး သူမရဲ့ အမျိုးသားရယ် ၊ကလေးနှစ်ယောက်နဲ့ အေးချမ်းတဲ့ မိသားစုဘ၀ကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ မီးပွိုင့်တွေမှာ ပိုက်ဆံတောင်းရမ်းပြီး တစ်နေ့တာ မိသားစု စား၀တ်နေရေးကို ဖြေရှင်းဖြစ်တဲ့ အကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။

“ ညီမက မီးပွိုင့်တွေမှာ ပိုက်ဆံတောင်းရမ်းတဲ့ အလုပ်လုပ်ပါတယ်။ အမျိုးသားကတော့ မီးပွိုင့်မှာ ကိုဗစ် မျက်မှန်တွေရောင်းတယ်။မနက် ၅နာရီလောက်ဆို သန်လျင်ကနေ ညမတို့နှစ်ယောက် ထွက်လာပြီး အလုပ်လုပ်တာပေါ့နော်။ ကလေးနှစ်ယောက်ကိုတော့ အိမ်မှာပဲ ထားခဲ့ရတာပေါ့နော်။ တနေ့ကို ညမတောင်းရမ်းလို့ရတဲ့ငွေက ၂သောင်း၊ ၃သောင်းလောက်တော့ ရပါတယ်။ တနေ့တာအလုပ်ကတော့ အဲ့ဒါပေါ့နော်။ အရင်ကဆို နေထိုင်ဖုိ့ အိမ်မရှိဘူး ။ဒါပေမယ့်အခုတော့ အိမ်ပိုင်လေး ရပြီဆိုတော့ နောက်ထပ်နဲနဲ လောက်လုပ်ပြီးရင်တော့ ဒီတောင်းရမ်းတော့ အလုပ်ကိုတော့ နားဖို့ စဉ်းစားထားပါတယ်။”လို့ပြောပါတယ်။

မွေးရာပါ မသန်စွမ်း လက်နှစ်ဖက်မပါခဲ့ပေမယ့် ဘ၀ကို အကောင်းဆုံး ရှင်သန်နိုင်တယ်လို့ မအေးအေးစန်းက” မွေးရာပါ လက်နှစ်ဖက်က မပါခဲ့ပေမယ့် ဘ၀ကိုတော့ အကောင်းရင်ဆိုင်တယ်၊ ရုန်းကန်တယ်၊ ဖြတ်သန်းတယ်။ အချိန်ကြာလာတော့လည်း အဆင်ပြေလာပါတယ်။ဘာမှ စိတ်အားငယ်မှုတွေမ၇ှိတော့ဘူး။လက်နှစ်ဖက်မရှိခဲ့ပေမယ့် ခြေထောက်နဲ့ ထမင်းစားတယ်၊ ခြေထောက်နဲ့ပဲ သနပ်ခါးလိမ်းတယ်။ကိုယ့်ဘာသာ အကုန်လုပ်တယ်။ ဘယ်သူမှအားမကိုးပဲနဲ့။ အခုတော့ ဘ၀က အဆင်ပြေနေပါပြီ။ ” လို့ဆိုပါတယ်။

မအေးအေးစန်းဟာ တချိန်က အာဆီယံ ရေကူးပြိုင်ပွဲမှာလည်း ပါ၀င်ခဲ့ပါသေးတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here