နေပြည်တော်တွင် ကိုဗစ်-၁၉ တတိယလှိုင်း အတွင်း ဆွမ်းဆန် အခက်အခဲ ဖြစ်ပေါ်သည့် ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်းပေါင်း ၁၄၉ ကျောင်းထိ ရှိခဲ့

0
147

နေပြည်တော်တွင် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ဆွမ်းဆန်အခက်အခဲဖြစ်ပေါ်သည့် ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်းပေါင်း ၁၄၉ ကျောင်းထိ ရှိခဲ့

နေပြည်တော် စက်တင်ဘာ ၉

 ကိုဗစ်-၁၉ တတိယလှိုင်း အတွင်း နေပြည်တော်အတွင်းရှိ ဆွမ်းဆန် အခက်အခဲဖြစ်ပေါ်သည့် ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်းပေါင်း ၁၄၉ ကျောင်းရှိခဲ့ပြီး အဆိုပါကျောင်းမှ ရဟန်း သာမဏေများနှင့် သီလရှင်များ အတွက် ဆွမ်းဆန်အိတ်၊ ပဲအိတ်များနှင့် ဆီများ ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းပေးထားပြီး ဖြစ်ကြောင်း နေပြည်တော်သာသနာရေးဦးစီးဌာနမှ သိရသည်။

 ကိုဗစ်-၁၉ တတိယလှိုင်း ကာလအတွင်း နိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း အများစုမှာ ဆွမ်းဆန်အခက်အခဲများဖြစ်ပေါ်လျက် ရှိခဲ့ရာ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းအချို့ တို့မှာလည်း ဆွမ်းဆန် အခက်အခဲများဖြစ်ပေါ်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း ၁၄၉ ကျောင်းအတွက် လိုအပ်သည့် ဆွန်းဆန်တော်အိတ် များ၊ ပဲအိတ်များနှင့် ဆီများကို ဩဂုတ်လ ၁၇ ရက်မှစ၍ စက်တင်ဘာလ ၃ ရက်နေ့ထိ လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

 “ အရင် ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက တော့ အဲလောက် မဆိုးခဲ့ဘူးဗျ။ အခု တတိယလှိုင်းမှာက ဘုန်းကြီးကျောင်းတစ်ကျောင်းက ရဟန်းတစ်ပါး၊ သာမဏေတစ်ပါးမှာ ပိုးတွေ့လိုက်ရင် တစ်ကျောင်းလုံးက Lock Down ချရတော့ ဒကာတွေ၊ အလှူရှင်တွေကလဲ ဆွမ်း၊ ကွမ်း လာပို့လို့မရတော့ဘူး။ ရက်ကြာလာတောလဲ ဘုန်းကြီးကျောင်းတွေလဲ မရကြတော့တဲ့ အတွက် အခက်အခဲတွေ ဖြစ်လာကြရတာပါ။ အခုတော့ အဲ့ဒီကျောင်းတွေ အားလုံးကို လိုအပ်တဲ့ ဆွမ်းဆန်အိတ်တွေ၊ ပဲအိတ်တွေ၊ ဆီတွေ လှူဒါန်းထားပြီး ဖြစ်ပါတယ်” ဟု နေပြည်တော် သာသနာရေ းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 နေပြည်တော်ပြည်ထောင်စု နယ်မြေတွင် ဘုန်းတော်ကြီးထိုင်ကျောင်းပေါင်း ၁၂၀၄ ကျောင်းရှိပြီး သီလရှင်ကျောင်း ပေါင်း ၄၈ ကျောင်းရှိကြောင်း၊ အဆိုပါကျောင်းများ အနက် ကိုဗစ်-၁၉ တတိယလှိုင်း အတွင်း ဆွမ်း၊ ကွမ်းအခက်အခဲများ ဖြစ်ပေါ်ခဲ့သည့် ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း ၁၄၉ ကျောင်းအတွက် ဆွမ်းဆန်တော်အိတ်ပေါင်း ၅၆၀၀ ကျော်၊ ပဲအိတ်ပေါင်း ၂၀၀ ကျော်နှင့် ဆီ ၁၃၇၁ ပိဿာ တို့ကို လှူဒါန်းပေးထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here