ကိုဗစ် တတိယလှိုင်းမှာ စိတ်ပူပန်စရာတွေ များခဲ့တယ် ဆိုတဲ့ ခြူးလေး

0
303

ကိုဗစ်တတိယလှိုင်းမှာ စိတ်ပူပန်စရာတွေ များခဲ့တယ် ဆိုတဲ့ ခြူးလေး


သရုပ်ဆောင်ခြူးလေးဟာ လတ်တလော အနုပညာအလုပ်တွေ နားထားရတဲ့အချိန် အိမ်မှာပဲ မိသားစုကို အချိန်ပေးပြီး ဖြတ်သန်းဖြစ်နေပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ စိတ်ပူပန်စရာတွေဖြစ်ခဲ့ကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။

“ ကိုဗစ်တတိယလှိုင်း ကတော့ တော်တော်ဆိုးတဲ့ ရောဂါကြီးတခုပါ။ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက် တတိယလှိုင်းက ပိုဆိုးတာပေါ့။ ကိုဗစ် တတိယလှိုင်းမှာ ခြူးလေးကတော့ ဘာမှ ကူးစက်မှုမဖြစ်ခဲ့ပေမယ့် အိမ်ကမိသားစုဝင်တွေ တော်တော်များများ ကူးစက်မှုခံခဲ့ရတယ်။ ရောဂါကူးစက်မှုက တော်တော်ဆိုးရွားခဲ့တယ်။ အောက်ဆီဂျင်တွေကျတာတို့ အများကြီးပဲပေါ့။ အဲ့ဒီအချိန်မှာတော့ မိသားစုကို တော်တော် ဂရုစိုက်လိုက်ရတယ်။ သူတို့နားမှာပဲနေပြီး ကျန်းမားရေးကို စောင့်ရှောက်ပေးဖြစ်တယ်။ အဲ့ဒီကာလတွေ မှာတော့ စိတ်ပူပန်စရာတွေများပြီး စိတ်အခြေအနေက တော်တော် အဆင်မပြေဖြစ်ခဲ့တယ်။ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here