တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာနမှ အရပ်ရပ် အခွင့်အရေး လိုင်စင်(၆)ခု အား ဈေးပြိုင် စနစ်ဖြင့် လေလံတင်ရောင်းချမည်

0
170

တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ အရပ်ရပ်အခွင့်အရေးလိုင်စင်(၆)ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်

 

နေပြည်တော် စက်တင်ဘာ ၁၁

 နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ အရပ်အရပ် အခွင့်အရေးလိုင်စင် (၆)ခုကို ခြောက်လတာကာလအတွက် ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 ၂၀၂၁ ခုနှစ် အောက်တိုဘာလ ( ၁ ) ရက်မှ ၂၀၂၂ ခုနှစ် မတ်လ (၃၁) ရက်ထိ (၆)လ ဘဏ္ဍာ ရေးနှစ်အတွက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ အရပ်ရပ်အခွင့်အရေးလိုင်စင်(၆)ခု ဖြစ်သည့် လယ်ဝေးနွားပွဲဈေးဝင်ကြေး ကောက်လိုင်စင်၊ လယ်ဝေးနွားပွဲဈေး စက်ဘီးဆိုင်ကယ်အပ်နှံမှုလိုင်စင်၊ သာဝတ္ထိနွားပွဲဈေးဝင်ကြေး ကောက်လိုင်စင်၊ သာဝတ္ထိနွားပွဲဈေး စက်ဘီးဆိုင်ကယ်အပ်နှံမှုလိုင်စင်၊ တပ်ကုန်းနွားပွဲဈေးဝင်ကြေးကောက် လိုင်စင်နှင့် တပ်ကုန်းနွားပွဲဈေး စက်ဘီးဆိုင်ကယ်အပ်နှံမှုလိုင်စင် တို့ကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 “ ဒီလိုင်စင်ခြောက်ခုကို ဒီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ဈေးများဌာနရဲ့ အစည်းဝေးခန်းမမှာ ပြုလုပ်မှာပါ။ ဈေးပြိုင်စနစ်နဲ့ တတိယအကြိမ်လေလံတင်ရောင်းချတာပါ။ ဒီလေလံနဲ့ပတ်သက်တဲ့ လျှောက်လွှာတွေ ကိုတော့ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှာ ရုံးချိန်အတွင်း အခမဲ့ထုတ်ယူနိုင်ပါတယ်။” ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 အဆိုပါ လေလံလျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပိတ်မည်ဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော်စည်ပင်သာယာရေ းကော်မတီ၊ ဈေးများဌာနကွပ်ကဲမှုအေက် နေပြည်တော်မြို့မဈေးရှိ (၄၀’x၄၀’x၃၂’-၆”) 3 Story RCC Building (၃)ထပ်ဆိုင်ခန်းအဆောက်အဦ (၁)လုံးကိုလည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here