နေပြည်တော်ကောင်စီနယ်မြေတွင် ပစ်ခတ်မှုဖြစ် သားအမိနှစ်ဦးသေနတ်ဒဏ်ရာရရှိ

0
224

နေပြည်တော်ကောင်စီနယ်မြေတွင် ပစ်ခတ်မှုဖြစ် သားအမိနှစ်ဦးသေနတ်ဒဏ်ရာရရှိ

နေပြည်တော်၊ စက်တင်ဘာ ၁၁ရက်

နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ထဲ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သားအမိနှစ်ဦးသေနတ်ဒဏ်ရာရရှိခဲ့သည်။

ဥတ္တရသီရိမြို့နယ် မောင်ရမ်းကျေးရွာတွင် စက်တင်ဘာ၁၀ရက် ည၇နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် ပစ်ခံရသူတို့မှာ တပ်မတော်ထောက်ခံသူ USDPပါတီဝင်ဟု ဆိုနေကြသော်လည်း အတည်ပြုနေဆဲဖြစ်ပါသည်။

အဆိုပါ သားအမိ၂ဦး အိမ်ရှေ့တွင် ထိုင်နေစဉ် တစ်ရွာတည်းနေထိုင်သူက သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ပြီး ရွာအရှေ့ဘက်သို့ ထွက်ပြေးသွားသည်ဟုသိရသည်။

သေနတ်ပစ်ခတ်ခံရသူ သားအမိနှစ်ဦးမှာ လက်ရှိတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး(ကုတင်-၁၀၀၀)တွင် ဆေးကုသမှုခံယူနေသည်။

ပစ်ခတ်သူကို ဖမ်းမိသည်ဟု နစကကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here