ကျေးဇူးရှင်ဖခင်ကြီး အတွက် ဗိုလ်တထောင်ဘုရားမှာ အလှူငွေနဲ့ စားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

0
277
ကျေးဇူးရှင်ဖခင်ကြီးအတွက် ဗိုလ်တထောင်ဘုရားမှာ အလှူငွေနဲ့ စားသောက်ကုန်များလှူဒါန်းခဲ့တဲ့ ခန့်စည်သူ
သရုပ်ဆောင်ခန့်စည်သူက သူ့ရဲ့ဖခင်ကြီး ကွယ်လွန်ခြင်း(၂)လပြည့် ရည်စူးအလှူ အနေနဲ့ ဗိုလ်တထောင်ဘုရားမှာ အလှူငွေကျပ်သိန်း (၇၀)တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများလှူဒါန်းဖြစ်တဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။
“ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မြတ်ကြီး၏ ဝတ္တကမြေအတွင်းရှိဘုန်းတော်ကြီးကျောင်း(၁၁)ကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူကြသော ပဓာန နာယကဆရာတော်ကြီးများနှင့် သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ယခုကာလတွင် ဆွမ်းအခက်အခဲမရှိစေရန် ကာလဒါနအလှူအဖြစ်
အလှူငွေ (၁၁)သိန်း
ဆန်အိတ် (၁၁၀)အိတ်
ဆီပိဿာ (၁၁၀)
ပဲပိဿာ (၁၁၀)
ကြက်သွန်ပိဿာ (၁၁၀)
Meggi ဟင်းခတ်မှုန့်ဂျပ်ဖာပုံး (၂၂)ပုံး
စုစုပေါင်းသိန်း(၇၀) တန်ဖိုးအား သံဃာ့ဂုဏ်ကို ရည်မှန်း၍၊စေတနာသုံးတန်ပြဋ္ဌာန်းလျက် လှူဒါန်းခဲ့ပါတယ်။
ကျေးဇူးရှင်ဖခင်ကြီးနှင့်တကွ ကြားကြားသမျှ အားလုံးတို့အား အမျှပေးဝေပါကုန်၏။
အမျှရကြသည်ဖြစ်၍၊
သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။ ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏“ဆိုပြီး ရေးသားထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here