2021 MTV Video Music Awards ဆုပေးပွဲမှာ BTS အဖွဲ့ ဆု ၃ဆု သိမ်းပိုက်

0
286

2021 MTV Video Music Awards ဆုပေးပွဲမှာ BTS အဖွဲ့ ဆု ၃ဆု သိမ်းပိုက်

New York မြို့မှာကျင်းပခဲ့တဲ့ The 2021 MTV Video Music Awards မှာ BTS အဖွဲ့က ဆု (၃) ဆု ရရှိခဲ့ပါတယ်။

ရရှိခဲ့တဲ့ဆုတွေကတော့ Group of the Year, Best K-Pop နဲ့ Song of the Summer ဆုတို့ဖြစ်ပါတယ်။

BTS အဖွဲ့ဟာ Group of the Year နဲ့ Best K-Pop တို့ကို ရရှိခဲ့တာဟာ ၃နှစ်ဆက်တိုက် ရှိနေပြီဖြစ်ပြီး Song of the Summer ဆုကိုတော့ ပထမဆုံးအကြိမ်ရရှိခဲ့တာပါ။

VMA ဆုပေးပွဲကို BTS အဖွဲ့မတက်ရောက်နိုင်ခဲ့ပေမယ့် Group of the Year ဆုနဲ့ပတ်သတ်ပြီး ကျေးဇူးတင်စကားပြောကြားတဲ့ ဗွီဒီယိုဖိုင်ကိုမျှဝေခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here