၂၀ကြိမ်မြောက် အာဆီယံ-တရုတ် ဝန်ကြီးများအစည်းအဝေး ကျင်းပ

0
195

၂၀ကြိမ်မြောက် အာဆီယံ-တရုတ် ဝန်ကြီးများအစည်းအဝေး ကျင်းပ

၂၀ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွါးရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ ၁၃ ရက်နေ့က virtual စနစ်နဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ကိုဗစ်၁၉ ကာကွယ်ဆေးနဲ့ ဆေးကိရိ ယာများလှူဒါန်းမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုတွေကို ပုံမှန်ပြန်ဖွင့်လှစ်ပေးဖို့နဲ့ အထူးသဖြင့် နယ်စပ်ကုန် သွယ်မှုမှာ အဓိကကျတဲ့ ရွှေလီနဲ့မူဆယ်ဂိတ်တွေကို ဖွင့်ဖို့အတွက် စဉ်းစားပေးရန်လည်း တရုတ်နိုင်ငံကို မေတ္တာရပ်ခံခဲ့တယ် လို့ သိရပါတယ်။

ဒါ့အပြင် အာဆီယံ-တရုတ် လွတ်လပ်တဲ့ ကုန် သွယ်မှု သဘောတူစာချုပ် ထပ်မံအဆင့်မြှင့်တင်ရေးအတွက် အလားအလာရှိတဲ့ နယ်မြေ များ သတ်မှတ်နိုင်ဖို့ ပူးတွဲဖြစ်နိုင်ချေလေ့လာဆန်းစစ်မှု ဆောင်ရွက်မယ့်ကိစ္စအပေါ် မြန်မာနိုင်ငံအနေနဲ့ ထောက်ခံကြောင်း ပြောကြားခဲ့ ပါတယ်။

နှစ် ၃၀ပြည့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ၂၀ကြိမ် မြောက် အာဆီယံ-တရုတ် စီးပွါးရေးဝန်ကြီး များအစည်းအဝေး ပူးတွဲကြေငြာချက်ကို အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

အစည်းအဝေးကို အာဆီယံနိုင်ငံတွေက စီးပွါးရေးဝန်ကြီးများနဲ့ တရုတ်နိုင်ငံက စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့နဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြု နစက ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွါးဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here