ကိုယ်ဝါသနာပါတဲ့ စကိတ်စီးတဲ့ အားကစားကို အကောင်းဆုံး ကြိုးစားသွားမယ် ဆိုတဲ့ ဆယ်ကျော်သက် အရွယ် ကလေးနှစ်ယောက်

0
198

ကိုယ်ဝါသနာပါတဲ့ စကိတ်စီးတဲ့ အားကစားကို အကောင်းဆုံးကြိုးစားသွားမယ် ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်

ကုက္ကိုင်းဂုံးတံတား ရဲ့အောက်မှာ လူငယ်တွေ အများအပြားစုပြီး စကိတ်တွေ ပြိုင်ဆိုင်စီးနေကြတာကိုတွေ့မိပါတယ်။ လူငယ်တွေဟာ ဆယ်ကျော်သက် အရွယ်သာရှိပေမယ့် သူတို့စိတ်ဝင်စားတဲ့ စကိတ်စီးတဲ့ အားကစားကို မမောမပန်း ကြိုးစားပန်းစား လုပ်နေသည်မှာ လည်း အံ့ဩဖွယ်ဖြစ်ပါတယ်။ စကိတ်စီးရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းသွားချင်တယ်လို့ အသက် ၁၉နှစ်သာ ရှိတဲ့ မောင်မင်းအိမ်ဇာအောင် ကအခုလိုပဲပြောပြခဲ့ပါတယ်။

“ ကျွန်တော်ငယ်ငယ်ကတည်းက စကိတ်စီးတာကို ဝါသနာပါတယ်။ စကိတ်စီးတဲ့ သူတွေကိုမြင်ရင် အားကျတယ်။စကိတ်ကို အသက် အရွယ် ငယ်ငယ်လေးကတည်းက စီးချင်ပေမယ့်လည်း မစီးခဲ့ရဘူး။ အခုတော့ ကျွန်တော် စကိတ်စ စီးခွင့်ရခဲ့တယ်။ စီးတဲ့အချိန် မှာတော့ အိမ်က မိသားစုတွေက သဘောမတူကြဘူး။ နောက်ပိုင်း ကျွန်တော်က အတင်းတောင်းဆိုတော့ အိမ်ကလူတွေက သဘောတူကြတယ်။ ကျွန်တော် အကောင်းဆုံးကြိုးစားမယ်။ စီနီယာတွေကိုကြည့်ပြီး ဖြစ်အောင်ကြိုးစားမယ်။ သူတို့လဲ ခြေထောက်နှစ်ဖက် ကျွန်တော်လဲ ခြေထောက်နှစ်ဖက်ပဲ ဆိုတော့ ရှေ့ဆက်ပြီး စကိတ်စီးတာကို အကောင်းဆုံးသူ တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။” လို့ပြောပါ တယ်။

မိန်းကလေး တစ်ယောက်ဖြစ်ပေမယ့် ကိုယ်ဝါသနာပါတဲ့ စကိတ်စီးတဲ့ အားကစားကိုတော့ ကြိုးစားပြီး လုပ်ဖို့ ယုံကြည်ချက် အပြည့် ရှိတယ်လို့ အသက် ၁၈နှစ်အရွယ် မနှင်းဝတ်မှုန်က အခုလိုပဲ ပြောပြခဲ့ပါတယ်။” စကိတ်စီးတာကို ငယ်ငယ်လေး ကတည်းက ဝါသနာပါတယ်။ ဒါပေမယ့် မိန်းကလေးဆိုတော့ အိမ်ကမိသားစုဝင်တွေက မစီးစေ ချင်ဘူး။ ဒါပေမယ့် အိမ်ကို ညီမရအောင်ပြောတယ်။ ညီမက မြောက်ဒဂုံကနေ လာစီးရတာဆိုတော့ အိမ်က အဖေကလိုက်ပို့တယ်။အခုတော့ ညီမရဲ့ ဘဝကို ကိုယ်ဝါသနာပါတဲ့ စကိတ်စီးတဲ့ အားကစားလည်း လုပ်ပြီး ကျန်တဲ့ အသက်မွေးဝမ်းကြောင်း အတွက် လုပ်ကိုင်ရမယ့် အလုပ်တွေကို လုပ်ပြီး ကြိုးစားချင်ပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here