ရန်ကုန်၊ မန္တလေးရှိ ကညနရုံး အချို့မှလွဲ၍ ကျန် တိုင်းနှင့်ပြည်နယ် ရုံးများတွင် ခရီးလွန်ယာဉ် စစ်ဆေးခြင်း ပြုလုပ်ပေးမည်

0
116

ရန်ကုန်၊မန္တလေးရှိ ကညနရုံးအချို့မှ လွဲ၍ ကျန်တိုင်းနှင့်ပြည်နယ် ရုံးများတွင် ခရီးလွန်ယာဉ်စစ်ဆေးခြင်းပြုလုပ်ပေးမည်

နေပြည်တော် စက်တင်ဘာ ၂၀

ကိုဗစ်(၁၉)အခြေအနေ များကြောင့် သက်ဆိုင်ရာ ကညနရုံးများသို့ သွားရောက် ယာဉ်စစ်ဆေးခံယူရန် အခက်အခဲ ရှိသူများ အတွက် ရန်ကုန် နှင့် မန္တလေး (တောင်ပိုင်း၊မြောက်ပိုင်း) ရုံးများမှ လွဲ၍ ကျန် တိုင်းနှင့်ပြည်နယ်ရုံးများတွင် ခရီးလွန်ယာဉ် စစ်ဆေးခွင့်ပြုသွားမည်ဟု ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။

ခရီးလွန်ယာဉ် စစ်ဆေးခြင်းကို ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)တင်ပြသော ယာဉ်များကိုသာ စစ်ဆေးရန်နှင့် (ကမ-၃)ပျောက်ဆုံး ယာဉ်များကို စစ်ဆေးခြင်း မပြုရန်ညွှန်ကြားထားသည်။

အစိတ်အပိုင်း ပြောင်းလဲထားသည့် ယာဉ်များကို ယာဉ်စစ်ဆေးရာတွင် မှတ်တမ်း(၂)စုံပြုလုပ်ပြီး မူလယာဉ် မှတ်ပုံတင်ရုံးသို့ တစ်စုံကို ပေးပို့ရန်နှင့် မူလရုံးမှယာဉ်စစ်ဆေးချက် မှတ်တမ်းနှင့်တိုက်ဆိုင် စစ်ဆေးပြီး မှန်ကန်ပါက သက်တမ်းတိုး ခွင့်ပြုသွားမည်ဖြစ်သည်။

မည်သည့်မော်တော်ယာဉ် မဆို အခြားရုံးများတွင် ယာဉ်စစ်ဆေးခြင်းကို (၂)ကြိမ်အထိသာ အများဆုံးခွင့်ပြုမည်ဖြစ်ပြီး (၃)ကြိမ်မြောက်ကို သက်ဆိုင်ရာ မူလရုံးတွင်သာ လာရောက်ဆောင်ရွက် သွားရမည်ဟု ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here