စီးပွါးရေးလုပ်ငန်းတွေ အတွက် ထုတ်ချေးထားတဲ့ ချေးငွေပြန်ဆပ်ရန် ကာလ နောက်ထပ် ၆လ သက်တမ်း ထပ်တိုး

0
239

စီးပွါးရေးလုပ်ငန်းတွေအတွက် ထုတ်ချေးထားတဲ့ ချေးငွေပြန်ဆပ်ရန်ကာလ နောက်ထပ် ၆လ သက်တမ်းထပ်တိုး

စီးပွါးရေးလုပ်ငန်းတွေအတွက် ကိုဗစ်၁၉ရန်ပုံ ငွေကနေ ထုတ်ချေးပေးထားတဲ့ ချေးငွေပြန်ဆပ်ဖို့ကာလကို ဒုတိယအကြိမ် နောက်ထပ် ၆လ ထပ်မံ ရွှေ့ဆိုင်း လိုက်တယ်လို့ ကိုဗစ်၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွါးရေးသက် ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက ပြော ပါတယ်။

ချေးငွေတွေကို ၂၀၂၀ ဧပြီလမှာ စတင်ထုတ် ချေးပေးခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်ဧပြီမှာ ချေး ငွေသက်တမ်း ၁နှစ်ပြည့်ခဲ့ကာ ပြန်ဆပ်ဖို့အချိန် ကို ပထမအကြိမ် ၆လသက်တမ်းတိုးပေးခဲ့ပါတယ်။

အခု လာမယ့်အောက်တိုဘာလမှာ ၆လသက်တမ်းက ထပ်ပြည့်သွားတဲ့အတွက် ပြန်ဆပ်ဖို့ကာ လကို ဒုတိယအကြိမ် ၆လ ထပ်မံသက်တမ်း တိုးပေးတာဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်း ဝင်လာတဲ့အခါ စီးပွါးရေးလုပ်ငန်းတွေ အနေနဲ့ ပေးဆပ်ဖို့အခက်အခဲတွေဖြစ်တာကြောင့် လုပ်ငန်းတွေပိုမို လည်ပတ် နိုင်ဖို့ အတွက် နောက်ထပ် ၆လသက်တမ်းတိုးပေးခဲ့ခြင်းဖြစ်တယ်လို့ ကိုဗစ်၁၉ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွါးရေးသက်ရောက်မှု များ အပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ အတွင်းရေးမှူး ဒေါက်တာဝါဝါမောင်က ပြောပါတယ်။

ဒါ့အပြင် ပုံမှန်အရ ချေးငွေပြန်ဆပ်တဲ့အခါ တလုံးတစည်းတည်း ပြန်ဆပ်တဲ့ အလေ့အထရှိပါတယ်။ ချေးငွေကြီးကြပ်မှု ကော်မတီအနေနဲ့ ချေးငွေယူထားတဲ့ စီးပွါးရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အခါ အများစုက တလုံးတစည်းတည်း ပြန်ဆပ်ဖို့ အခက်အခဲဖြစ်တာ ကိုတွေ့ရတယ် လို့လည်း ဒေါက်တာဝါဝါမောင်က ပြောပါတယ်။

ဒါ့ကြောင့် အရစ်ကျပြန်ဆပ်ဖို့ ခွင့်ပြုနိုင်ခြင်းရှိ/မရှိ ဆိုတာကိုလည်း အထက်ကိုတင်ပြပြီး ဆောင်ရွက်ဖို့ရှိတယ်လို့လည်း ဒေါက်တာ ဝါဝါမောင်က ဆက်ပြောပါတယ်။

ကိုဗစ် ၁၉ကြောင့် ထိခိုက်မှုရှိတဲ့ အသေးစား၊ အလတ်စား စီးပွါးရေးလုပ် ငန်းတွေကို ချေးငွေသက်တမ်း ၁ နှစ်၊ အတိုးနှုန်း ၁% နဲ့ ကိုဗစ်၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံ ထဲက ငွေကျပ် ၁၆၀ ဘီလီယံ ကိုထုတ်ချေးပေးခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၂ ဧပြီလမှာတော့ ချေးငွေသက် တမ်း ၂နှစ်ပြည့်မှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here