Hospital Playlist Season(2) ပြီးဆုံး

0
216

Hospital Playlist Season(2) ပြီးဆုံး

မြန်မာပြည်ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ Hospital Playlist Season 2 ဟာ ဒီနေ့ညမှာ အဆုံးသတ်တော့မှာပါ။

ကြည့်ရှုသူပရိတ်သတ်တွေဟာလည်း ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်တွေရမယ့် နောက်ဆုံးပိုင်းကို အရမ်းမျှော်လင့်နေကြပါတယ်။

Hospital Playlist ရဲ့ ထုတ်လုပ်ရေး ဒါရိုက်တာကလည်း နောက်ဆုံးပိုင်းရဲ့ အဓိကဇာတ်ကွက် တွေကို ဇာတ်လမ်းမပြခင် ကြိုပြီး သဲလွန်စတွေ ပေးခဲ့ပါတယ်။

နောက်ဆုံးအပိုင်းမှာ ဇာတ်လမ်းပြောင်းအလဲတွေ အများကြီးပါမှာဖြစ်တဲ့အတွက် အဆုံးထိကြည့်ရှုပေးကြဖို့လည်း ထုတ်လုပ်ရေးဒါရိုက် တာက ဆိုထားပါတယ်။

Hospital Playlist Season(1) ကို ၂၀၂၀ မတ်လမှာ ပြသခဲ့တာဖြစ်ပြီး Season (2)ကို တော့ ၂၀၂၁ ဇွန်လမှာ ထုတ်လွှင့်ပြသခဲ့တာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here