One Ordinary Day ရဲ့ ပထမဦးဆုံး Teaser ထွက်

0
206

One Ordinary Day ရဲ့ ပထမဦးဆုံး Teaser ထွက်

BBC ရဲ့ Criminal Justice ကို ပြန်လည်ရိုက်ကူးထားတဲ့ မင်းသားချော Kin Soo Hyun နဲ့ မင်း သားကြီး Cha Seung Won တိုပါဝင်တဲ့ ကိုရီးယားဇာတ်လမ်းတွဲသစ် One Ordinary Day ရဲ့ Teaser ထွက်လာပါပြီ။

ဒီကားထဲမှာတော့ Kim Soo Hyun က လူသတ် မှုတခုအတွက် ရုတ်တရက် သံသယဝင်ခံရတဲ့ သာမန်ကောလိပ်ကျောင်းသား တစ်ဦးအဖြစ် ပါဝင်ထားပါတယ်။

Cha Seung Won ကတော့ ရှေ့နေတစ်ဦးဖြစ် ပြီး Kim Soo Hyun ကိုကူညီမယ့် တစ်ဦးတည်းသော ပုဂ္ဂိုလ်အဖြစ် သရုပ်ဆောင်ထား ပါတယ်။

ဒီဇာတ်လမ်းရဲ့ ထုတ်လုပ်သူက One Ordinary Day ဇာတ်လမ်းတွဲဟာ ရာဇဝတ်မှု ဇာတ်လမ်းတစ်ခုဖြစ်ပြီး ကြည့်ရှုသူတွေကို အမြင်သစ်နဲ့ လန်ဆန်းစေတဲ့ ရှုထောင့်ကနေ ဗဟုသုတတွေကို ရစေလိမ့်မယ်လို ပြောထားပါတယ်။

One Ordinary Day ဇာတ်လမ်းတွဲသစ် ကိုတော့ Coupang Play ကနေတဆင့် နိုဝင်ဘာမှာ စတင်ထုတ်လွှင့်မှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here