လက်တွေ အသားမာ တက်ပြီး ပင်ပန်းခဲ့ရတဲ့ရက်တွေ ရှိခဲ့ပေမယ့် ဘဝကိုအကောင်းဆုံး ရှင်သန်ခဲ့တယ် ဆိုတဲ့ မောင်ဆန်းလင်းအောင်

0
187

လက်တွေအသားမာတက်ပြီး ပင်ပန်းခဲ့ရတဲ့ရက်တွေရှိခဲ့ပေမယ့် ဘဝကိုအကောင်းဆုံးရှင်သန်ခဲ့တယ်ဆိုတဲ့ မောင်ဆန်းလင်းအောင်


ဗဟန်းသုံးလမ်း မီးပွိုင့်နားမှာ ပန်းတွေရောင်းပြီး မိသားစုကို လုပ်ကိုင်ကျွေးမွေးနေတဲ့ ကောင်လေးတစ်ယောက်ဟာ လှိုင်သာယာကနေ ဗဟန်း သုံးလမ်းထိ လာရောက်ရောင်းချနေတာပဲဖြစ်ပါတယ်။ မွေးရာပါ ခြေထောက်တစ်ဖက် မရှိခဲ့ပေမယ့် ဘဝကို အကောင်းဆုံး ရုန်းကန်နေရတဲ့ အကြောင်းကို မောင်ဆန်းလင်းအောင်က အခုလိုပဲပြောပြခဲ့ပါတယ်။

“ ကျွန်တော် ဒီမီးပွိုင့်မှာစျေးရောင်းနေတာ ၂နှစ်ကျော်၊၃နှစ်လောက်ရှိပါပြီ။ မိသားစုအတွက် အလုပ်လုပ်တယ်။ ဘဝကိုအကောင်းဆုံး ရှင်သန်တယ်။ ပင်ပန်းတဲ့နေ့တွေ့ အများကြီးရှိခဲ့တယ်။ တခါတလေ လက်တွေမှာ အသားမာတက်တာတွေ၊ ညဘက်တွေဆို ချိုင်းတွေက သွေးတွေထွက်တာတွေကော အများကြီးရှိခဲ့တယ်။ ပန်းရောင်းတဲ့အလုပ်က အရမ်းကြီး အဆင်မပြေပေမယ့် အဆင်ပြေအောင် လုပ်တယ်။ တခါတလေဆို တစ်နေ့ကို ပိုက်ဆံ၂ထောင်၊ သုံးထောင်ပဲရခဲ့တဲ့နေ့တွေရှိတယ်။ အရင်းတောင်ပြန်မရတဲ့နေ့တွေ ရှိတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျပဲ နောက်နေ့တွေ ရောင်းကောင်းမှာပဲ ဆိုပြီး ကြိုးစားတယ်။ ကျွန်တော် ပြောချင်တာက ဘဝမှာ ဘယ်လိုပဲ စိတ်ဓာတ်ကျစရာတွေ ရှိရှိ အဆင်ပြေအောင် အကောင်းဆုံး ရုန်းကန်ကျော်ဖြတ်သွားမှာပါ။” လို့ပြောခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here