ပရိသတ်တွေအတွက် သီချင်းတွေ ဆက်လက် လုပ်ကိုင်သွားဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ မီးနို

0
256

ပရိသတ်တွေအတွက် သီချင်းတွေ ဆက်လက် လုပ်ကိုင်သွားဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ မီးနို


အဆိုတော်မီးနိုက လတ်တလော အနုပညာ အလုပ်တွေ နားထားရတဲ့အချိန်မှာ သီချင်းတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အနုပညာ အလုပ်တွေ နားနေရတဲ့အချိန် ပရိသတ်တွေ သီချင်းတွေ နားထောင်လို့ ရအောင် မီးနိုရဲ့ သီချင်းတွေကို ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ သီချင်းတွေ တင်ရင် ပရိသတ်တွေစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ Youtubeမှာပဲ သီချင်းတွေ၊ အနုပညာအလုပ်တွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ မီးနိုက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာ အခုလိုရေးသားထားပါတယ်။

“ ဒီည တော့ မီးနိုရဲ့ ပရိတ်သတ် မောင်နှမ တွေကို ပြောစရာ လေးတစ်ခုရှိပါတယ် 🤗
မီးနိုအနေနဲ့ အနုပညာအလုပ် တွေအားလုံးကို ရပ်နားထားတာ တော်တော် ကြာသလောက်လည်း ဖြစ်နေပြီဆိုတော့ မီးနို အနုပညာ အလုပ်လေးတွေ ဆက်လုပ်ချင်ပါတယ်..ဒီမှာဆို အားလုံးအနှောက်အယှက် ဖြစ်မှာဆိုးတဲ့အတွက် Youtube မှာ ဆက်လုပ်သွားဖို့ ရှိပါမယ်..
မီးနိုရဲ့ သီချင်း တွေကို မျှော်လင့် နေတဲ့ ပရိတ်သတ် တွေအတွက် ရော၊ ဒီကာလမှာလိုအပ်တဲ့ နေရာ လေး တွေကို ထောက်ပံ့နိုင်ဖို့ အတွက် ရော ပုံမှန်ဝင် ငွေ လေးရနိုင် အောင် မီးနိုရဲ့ Youtube channel လေးကို အားလုံးနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်ရှင် ✨

မီးနိုရဲ့ ထွက်ပြီးသား သီချင်း ဟောင်း လေး တွေ ရော ပရိတ်သတ် တွေနဲ့ မိတ်မဆက် ပေးရ သေးတဲ့ သီချင်းအသစ် လေး တွေ ရောကို Youtube Channel လေးမှာတစ်စုတစ်စည်းတည်း နားဆင်နိုင် အောင် ဆက်ပြီးတင် ပေးသွားမှာဖြစ်လို့ အောက်က link လေးမှာ ဝင်ပြီး subscribe လေး လုပ်ထား ပေးဖို့ နဲ့ Get Noti လေးပါလုပ်ထားပေးကြပါဦး နော်☺️”လို့ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here