The Korea Business Research Institute က စက်တင်ဘာလ အတွက် ယောကျာ်းလေး အဆိုတော်အဖွဲ့ဝင် တစ်ဦးဆီရဲ့ ဂုဏ်သတင်းကျော် ကြားမှု အဆင့်ထုတ်ပြန်

0
226

The Korea Business Research Institute က စက်တင်ဘာလအတွက် ယောကျာ်းလေး အဆိုတော်အဖွဲ့ဝင်တစ်ဦးဆီရဲ့ ဂုဏ်သတင်း ကျော် ကြားမှု အဆင့်ထုတ်ပြန်

 

The Korea Business Research Institute က ယောကျ်ားလေးအဆိုတော်အဖွဲ့တွေထဲက အဖွဲ့ဝင်တစ်ဦးဆီရဲ့ ဂုဏ်သတင်းကျော်ကြားမှု အဆင့်ကို စက်တင်ဘာလအတွက် ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်လ ၁၈ရက်နေ့ ကနေ စက်တင်ဘာလ ၁၈ရက်နေ့အထိ ပရိတ်သတ်ရဲ့အားပေးထောက်ခံမှု၊ မီဒီယာ လွှမ်းခြုံမှု ၊ပေါင်းသင်း ဆက်ဆံရေး နဲ့ လူထုကိုကောင်းမွန်တဲ့ အသိပညာပေးနိုင်ခြင်း စတဲ့ အချက်အလက်တွေကိုကောက်နုတ်ပြီး အဆင့်သတ်မှတ်ခဲ့တာပါ။

ဒီစာရင်းထဲမှာတော့ BTS အဖွဲ့ဝင် Jimin က နံပါတ် ၁နေရာမှာရှိပါတယ်။ Jimin ကို နံပါတ် ၁ ရစေတာဟာ ဖန်တွေရဲ့အားပေးထောက်ခံမှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုနဲ့ နှစ်လိုဖွယ်၊ချစ်ခင်ဖွယ်ကောင်းတဲ့အပြုအမူတွေကြောင့် ဖြစ်တယ်လို့ စာရင်းကဖော်ပြပါတယ်။Jimin ဟာ အားပေးထောက်ခံမှု ၄၈သိန်းကျော်နဲ့ နံပါတ် ၁ ဖြစ်လာခဲ့တာပါ။

နံပါတ် ၂ နေရာမှာကတော့ ASTRO အဖွဲ့ဝင် Cha Eun Woo က အားပေးထောက်ခံမှု ၃၈သိန်းကျော်နဲ့ ရပ်တည်နေပါတယ်။ Cha Eun Woo ကတော့ သီချင်းဆိုတာအပြင် ကိုရီးယားဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတဲ့ မြန်မာပရိတ်နဲ့ မစိမ်းတဲ့ မင်းသား တစ်ယောက်ပါ။ Cha Eun Woo ပါဝင်သရုပ်ဆောင်ထားတဲ့ True Beauty ဇာတ်ကားကိုတော့ မြန်မာပရိတ်တွေ မှတ်မိကြမယ် ထင်ပါ တယ်။

နံပါတ် ၃နေရာမှာတော့ BTS အဖွဲ့ဝင် V က အားပေးထောက်ခံမှု ၃၂ သိန်းကျော်နဲ့ ရှိနေပါတယ်။ဒါ့အပြင် နံပါတ် ၄ နဲ့ နံပါတ် ၅ နေရာကိုလည်းBTS အဖွဲ့ဝင်တွေဖြစ်တဲ့ Jungkook နဲ့ Jin တို့က သိမ်းပိုက်ထားပါသေးတယ်။

The Korea Business Research Institite ရဲ့ စက်တင်ဘာလအတွက် ထုတ်ပြန်တဲ့ ဂုဏ်သတင်းကျော်ကြားမှု အယောက် ၃၀ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

1. BTS’s Jimin
2. ASTRO’s Cha Eun Woo
3. BTS’s V
4. BTS’s Jungkook
5. BTS’s Jin
6. NCT’s Taeyong
7. NCT’s Doyoung
8. BTS’ Suga
9. BTS’s RM
10. SHINee’s Key
11. BIGBANG’s G-Dragon
12. THE BOYZ’s Juyeon
13. NCT’s Lucas
14. BTS’s J-Hope
15. JYJ’s Kim Junsu
16. THE BOYZ’s Hyunjae
17. 2PM’s Junho
18. WINNER’s Song Mino
19. NCT’s Mark
20. JYJ’s Kim Jaejoong
21. Highlight’s Yang Yoseob
22. WINNER’s Kang Seung Yoon
23. SHINee’s Jonghyun
24. THE BOYZ’s Younghoon
25. THE BOYZ’s Sunwoo
26. THE BOYZ’s Q
27. TXT’s Soobin
28. THE BOYZ’s Sangyeon
29. SHINee’s Minho
30. Highlight’s Lee Gikwang

 


LEAVE A REPLY

Please enter your comment!
Please enter your name here