ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ ရခိုင်ပြည်နယ် အနှံ့ ခရီးစဥ်အချို့ ကို စက်တင်ဘာ ၂၀မှာ ထပ်မံ တိုးချဲ့ပြေးဆွဲမည်

0
474

ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ ရခိုင်ပြည်နယ်အနှံ့ခရီးစဥ်အချို့ ကို စက်တင်ဘာ ၂၀မှာ ထပ်မံတိုးချဲ့ပြေးဆွဲမည်

ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းမှ ရခိုင်ပြည်နယ်အနှံ့ ခရီးစဉ်တွေကို စက်တင်ဘာလ ၂၀ရက် နေ့မှာ ထပ်မံတိုးချဲ့ပြေးဆွဲပေးမယ်လို့ သိရပါတယ်။

ပြည်နယ်တွင်းမှာ ရောဂါဖြစ်ပွါးမှု လျော့နည်းကျဆင်းလာတာကြောင့် သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်နဲ့ ရွှေပြည်တန်အမြန်ရေယာဉ် ခရီးစဉ်အချို့ကို ဩဂုတ်လ ၂၄ရက်နေ့ကစတင်ပြီး ကိုဗစ်၁၉စည်းကမ်းချက်တွေနဲ့အညီ ပြန် လည်ပြေးဆွဲခဲ့တာပါ။

ယခုအခါမှာတော့ ရွှေပြည်တန်အမြန်ယာဉ်လိုင်းဟာ စစ်တွေမှ ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ကုတ်၊ မာန်အောင်၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ နှင့် ကျောက်နီမော် ခရီးစဥ်များကို စက်တင်ဘာ ၂၀ ရက်နေ့ကစတင်ပြီး သတ်မှတ် နေ့ရက်အလိုက် တိုးချဲ့ပြေးဆွဲ​ပေးသွားမယ်လို့ သိရပါတယ်။

လိုက်ပါစီးနင်းမယ့် ခရီးသည်တွေအ​နေဖြင့် ကိုဗစ် စည်းကမ်းချက်နှင့်အညီ လိုက်နာဖို့ လိုအပ် ကြောင်း၊ ကိုဗစ်ရောဂါ စစ်ဆေးမှုများကို လည်းရှောင်တခွင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကိုဗစ် ၁၉ ကာလအတွင်း ရခိုင်ပြည်နယ်က ရွှေနဒီ၊ ကစ္ဆပနဒီနှင့် မလိခ ရေယာဉ်လိုင်းတွေဟာ ယာယီရပ်နားထားတာကြောင့် ခရီးသွား ပြည်သူ များနှင့် ကျန်းမာရေး ကိစ္စဖြင့် သွားလာမယ့်ပြည်သူများ အခက်အခဲကြုံ​တွေ့ရ​ကြောင်းနဲ့ ကုန် စည်စီးဆင်းမှု​နှောင့်​နှေးကြန့်ကြာ ခြင်းတို့ ဖြစ်​ပေါ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ရွှေပြည်တန် အမြန်ရေယာဥ်လိုင်းမှ ခရီးစဉ်တွေကို ကိုဗစ်ကာလ ကျန်းမာ​ရေးဆိုင်ရာ စည်းကမ်းချက်တွေကြောင့် ဇူလိုင် ၂၀ ရက်မှစတင် ပြီး ယာယီရပ်နားထားခဲ့တာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here