ဂျာမနီရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ “what happened to the wolf?” ရုပ်ရှင်ဇာတ်ကားမှာ ထူးချွန်ဆုရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်

0
459

ဂျာမနီရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ “what happened to the wolf?”ရုပ်ရှင်ဇာတ်ကားမှာ ထူးချွန်ဆုရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်


ဂျာမနီနိုင်ငံ Oldenburg International Film Festival ပွဲတော်မှာ ကျင်းပလျက်ရှိတဲ့ ရုပ်ရှင်ပြပွဲတွင် ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသု တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “ what happened to the wolf?”ရုပ်ရှင်ဇာတ်ကားမှာ Seymour Cassel Award for Best Performance ဆုကို အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်က ရရှိခဲ့တယ်လို့ သိရပါတယ်။

“သရုပ်ဆောင်ဆိုတာ တန်ပြန်သရုပ်ဆောင်ခြင်းပါပဲ။
ဒါကြောင့် ဒီပိတ်ကားပေါ်က နှစ်ယောက်ရဲ့ Performances ကိုခွဲခြားဖို့ မဖြစ်နိုင်လောက်တဲ့ထိပါပဲ။ ဒီအဓိက သရုပ်ဆာင် နှစ်ယောက်ဟာ ကျွန်မတို့(ကြည့်ရှုသူ ပရိသတ်) ကို ရှုပ်ထွေးဆန်းပြားလှတဲ့
ဘဝရဲ့ ဖြစ်တည်ခြင်းဆီကို ခရီးတစ်ခုအဖြစ်
ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။

ဏကြီးရဲ့ “what happened to the wolf?” ပါဝင်တဲ့ အဓိက သရုပ်ဆောင်နှစ် ယောက်စလုံးဟာ
မြန်မာနိုင်ငံမှ အကယ်ဒမီ ဆုရှင်တွေဖြစ်ပြီး
ကျွန်မတို့ (ကြည့်ရှုသူ ပရိတ်) ကို မှင်သက်ငေးမော၊ အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
နှစ်ယောက်၊ ကံကြမ္မာက တစ်ခုတည်း။

တစ်ယောက်က မထီတရီ၊ တစ်ယောက်က ရှေးဆန်ဆန်နဲ့
ချဉ်းကပ်ကြရာမှာ ပါးနပ်မှု၊ ရိုးရှင်းမှု၊
အနုပညာစံပြည့်ဝမှုတို့နဲ့ သရုပ်ဆောင်ထားပြီး
အခြားလူတွေကိုပါ သူတို့ရဲ့လွတ်လပ်မှုအရသာကို
ခံစားစေနိုင်စွမ်းပေးခဲ့ပါတယ်။

ကျမတို့ဟာ ဒီသရုပ်ဆောင်ရဲ့ရိုးရှင်းလှပမှု၊
ပင်ကိုယ်စိတ်ထား၊ တန်ဖိူးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့
2021 Seymour Cassel Award for Outsanding Performance ဆုကို ဏကြီးရဲ့ “what happened to the wolf?” ရုပ်ရှင်မှ အိန္ဒြာကျော်ဇင်အား ချီးမြှင့်လိုက်ပါတယ်။” လို့ Advisory Board Jury Member,and Award-winning actress, Deborah Kara Unger (Crash, The Game)က ကြေညာချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here