Soompi ရဲ့ September week 3 အတွက် K-Pop Music Chart 2021 Top Ten သီချင်းများ

0
246

Soompi ရဲ့ September week 3အတွက် K-Pop Music Chart 2021 Top Ten သီချင်းများ

Soompi ရဲ့ K-Pop Music Chart 2021, September week 3 မှာပါဝင်တဲ့ Top Ten စာရင်းထွက်လာပါပြီ။

Red Velvet ရဲ့ Queendom သီချင်းက နံပါတ် ၁နေရာမှာ ရှိနေပါတယ်။ဒီသီချင်းဟာ Red Velvet ရဲ့ ၆ ကြိမ်မြောက် Mini Album ထဲက သီချင်းဖြစ်ပြီး Soompi ရဲ့ K-Pop Music Chart မှာ နှစ်ပတ်ဆက်တိုက် နံပါတ် ၁ နေရာမှာ ရပ်တည်နေတာပါ။

BTS ရဲ့ Permission to dance သီချင်းကတော့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။

Lee Mujin ရဲ့ Traffic Light ကတော့ နံပါတ် ၃ နေရာမှာ ရှိနေပြီး Top 3 ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာတာပါ။

Taeyeon ရဲ့ Weekend သီချင်းကတော့ နံပါတ် ၄နေရာမှာ ရှိနေပါတယ်။

နံပါတ် ၅ နေရာမှာတော့ Aespa အဖွဲ့ Next Level သီချင်းရှိပြီး ၊ နံပါတ် ၆ နေရာမှာတော့
STAYC အဖွဲ့ရဲ့ ပထမဆုံး Mini Album ထဲက STEREOTYPE သီချင်းပါ။

AKMU နဲ့ IU တို့ပေါင်းစပ်ဖန်တီးထားတဲ့ NAKKA သီချင်းကတော့ နံပါတ် ၇ နေရာမှာ ရှိနေပြီး နံပါတ် ၈ နေရာမှာတော့ Somi ရဲ့ DUMB DUMB သီချင်း ရှိပါတယ်။

နံပါတ် ၉ နေရာမှာ TWICE အဖွဲ့ရဲ့ ၁၀ကြိမ်မြောက် Mini Album ထဲက Alcohol-Free သီချင်းရှိပြီး နံပါတ် ၁၀နေရာမှာတော့ မင်းသားချော Jo Jung Suk ပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင်သီဆိုထားတဲ့ Hospital Playlist Season 2 ထဲက ဇာတ်ဝင်တေးသီချင်း I Like U ရှိနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here