မသန်စွမ်းသူများ ကာကွယ်ဆေးထိုးနိုင်ဖို့ မသန်စွမ်းသူများ အသင်းချုပ် ဆောင်ရွက်

0
42

မသန်စွမ်းသူများကာကွယ်ဆေးထိုးနိုင်ဖို့ မသန်စွမ်းသူများအသင်းချုပ်ဆောင်ရွက်

မသန်စွမ်းသူတွေ အနေနဲ့ ကိုဗစ်၁၉ ကာကွယ် ဆေးတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေက မသန်စွမ်းသူများအသင်းချုပ်ရုံးခွဲတွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေးထိုးနိုင်ဖို့ အတွက် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက ရုံးခွဲ ၁၃ခုဆီ စာ ပေးပို့အကြောင်းကြားထားတယ်လို့ အလုပ် အမှုဆောင်ဥက္ကဌ ဦးတင်သန်းဝင်းက ပြောပါတယ်။

ကာကွယ်ဆေးထိုးရာမှာ မသန်စွမ်းတွေကို ဦးစားပေး အုပ်စုထဲ ထည့်သွင်းပေးဖို့ စက်တင်ဘာ ၁၃ရက်နေ့က ပြုလုပ်ခဲ့တဲ့ Virtual အစည်းအ ဝေးမှာ ဝန်ကြီးကို တင်ပြခဲ့တယ်လို့ ဦးတင် သန်းဝင်းက ပြောပါတယ်။

ကာကွယ် ဆေးထိုးတဲ့ စုရပ်တွေကို သွားလာဖို့ အခက်အခဲ ရှိနေတဲ့ မသန်စွမ်းပြည်သူတွေ အတွက် လည်း အလွယ်တကူ သွားလာနိုင်မယ့် အခင်းအကျင်း တွေ လုပ်ပေးမယ်ဆိုရင် ပိုအဆင်ပြေတယ်လို့လည်း ဦးတင်သန်းဝင်းက ပြောပြပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေး ဝန်ကြီးဌာနက ကာ ကွယ်ဆေး ထိုးနှံဖို့အတွက် ဦးတည်အုပ်စုတွေကို ထပ်မံ တိုးချဲ့ လိုက်တဲ့ အထဲ မသန်စွမ်း ပြည်သူတွေ ပါ ပါဝင်လာ တာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here