စိတ်ဓာတ်တွေကျပြီး အစာအိမ်ရောဂါပြန်ဖြစ်ပြီး ဆေးရုံတက်ရတဲ့ အခြေအနေထိဖြစ်ခဲ့တဲ့ ခင်သဇင်

0
652

စိတ်ဓာတ်တွေကျပြီး အစာအိမ်ရောဂါပြန်ဖြစ်ပြီး ဆေးရုံတက်ရတဲ့အခြေအနေထိဖြစ်ခဲ့တဲ့ ခင်သဇင်


မော်ဒယ် သရုပ်ဆောင် ခင်သဇင်ဟာ စက်တင်ဘာလ၂၁ရက်နေ့က အစာအိမ်ရောဂါကြောင့် ဆေးရုံ တက်လိုက်ရပါတယ်။ အားကစားတွေ အပြင်းထန်လုပ်ပြီး စိတ်ဖိစီးမှုတွေ များသွားတာကြောင့် ဖြစ်သွားခဲ့ရတာလို့ ခင်သဇင်က အခုလိုပဲပြောခဲ့ပါတယ်။

“ ဒီကာလအလုပ်တွေလဲ မရှိတော့ လူကစိတ်တွေလေပြီး အားကစားပဲ အပြင်းထန်လုပ်ဖြစ်တယ်။အစားလည်း မစားမိဘူး။ စိတ်ခံစားချက်တွေ ကလည်း အရမ်းခံစားဖြစ်နေတော့ လူကို ထိတာပေါ့နော်။ အစာအိမ်ရောဂါကတော့ အစကတည်းက ရှိတာပါ။ ဆေး လည်း ပုံမှန်သောက်​ဖြစ်ပါတယ်။ ဒီရက်ပိုင်းက နည်းနည်း အဆင်မပြေတာတွေရှိတော့ အခုလိုဆေးရုံတက်ရမယ့် အနေအထားထိ ဖြစ် သွားတာပါ။ အခုတော့ဆေးသောက်ပြီးပဲ နားထားရတာပါ။ မနက်ဖန်မှ မှန်ပြောင်းကြည့်ပြီးမှ ရောဂါ အခြေအနေကို သိရမှာဆိုတော့ အခုတော့ နားပြီး နေပါတယ်။ ပရိသတ်တွေလည်း ဂရုစိုက်ကြပါ။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here