ငွေလိမ်ခံရခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန် ခက်ခဲနေသည့် မြန်မာနိုင်ငံသားများအား အစိုးရ စရိတ်ဖြင့်ခေါ်ဆောင်

0
218

ငွေလိမ်ခံရခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန် ခက်ခဲနေသည့် မြန်မာနိုင်ငံသားများအား အစိုးရစရိတ်ဖြင့်ခေါ်ဆောင်

နေပြည်တော်၊ စက်တင်ဘာ – ၂၂

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၇ ဦးသည် ငွေကြေးလိမ်လည်ခြင်း ခံရပြီး မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါနိုင်ငံသားများအား နိုင်ငံတော်မှ ကုန်ကျစရိတ်ကျခံ၍ ပြန်လည်ခေါ်ယူခဲ့သည်။

 ၎င်းတို့ ၁၇ ဦးအနက် ကိုဗစ် ပိုးကူးစက်မှု မတွေ့ ရှိရသည့် ၃ ဦးအား စက်တင်ဘာ ၆ ရက်မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာ လေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပို့ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့သည့် ၁၄ ဦးအား ၎င်းတို့နေထိုင်ရာများ၌ သီးခြား စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် ရောဂါပျောက်ကင်းခဲ့သဖြင့် စက်တင် ဘာ ၂၀ ရက်တွင် အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)၏ ကယ်ဆယ် ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲ ရှိသူများအနေဖြင့် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here