စက်တင်ဘာလ နောက်ဆုံးပတ်ဝန်းကျင်တွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်

0
226

စက်တင်ဘာလနောက်ဆုံးပတ်ဝန်းကျင်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

၂၁.၉.၂၀၂၁ မှ ၂၇.၉.၂၀၂၁ အထိခန့်မှန်းချက်များ

စက်တင်ဘာလ ၂၄၊၂၅ ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်အနီးမှာ လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပေါ် နိုင်ပြီး အိန္ဒိယနိုင်ငံဘက်သို့ ရွေ့လျားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

စက်တင်ဘာလ ၂၇ရက်နေ့ မှာလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ပါတယ်။

မိုးရွာသွန်းမှု အခြေအနေများ အနေနဲ့ကတော့ မြန်မာနိုင်ငံ အလည်ပိုင်းဒေသတွေ အပါအဝင် မြန်မာတစ်ပြည်လုံးမှာ မိုးအနည်းနဲ့အများရွာ သွန်းနိုင်ပြီး ယခုရက်သတ္တပတ်ကတော့ မြန်မာတစ်ပြည်လုံး မိုးရွာသွန်းနိုင်တဲ့အနေအထားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်နေ့ မှာလည်း ဘင်္ဂလားပင်လယ်အော် အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၃ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ် သို့ပြောင်းလဲကာ အိန္ဒိယနိုင်ငံ၊ သြရိဿတောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။

စက်တင်ဘာလ ၂၄၊၂၅၊၂၇ ရက်များတွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းအနီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျရောက်နိုင်တဲ့အတွက် အဆိုပါရက်များမှာ ပင်လယ် ခရီးသွားများနှင့် ရေလုပ်သားများ သတိထား သင့်ပါတယ်။

Reference – WPH


LEAVE A REPLY

Please enter your comment!
Please enter your name here