ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း ၄၃၂ ရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်နိုင်ခဲ့

0
261

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း ၄၃၂ ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်နိုင်ခဲ့

နေပြည်တော် စက်တင်ဘာ ၂၂

ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ တစ်ဝန်းရှိ ကျေးရွာပေါင်း ၄၃၂ ရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတွက် အရင်းမပျောက် မတည် ရန်ပုံငွေများ ထုတ်ချေးပေးနိုင်ခဲ့ပြီး အကောင်ထည်ဖော် ဆောင်ရွက်ထားနိုင်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ သိရသည်။

မြန်မာနိုင်ငံတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စတင်အကောင်ထည် ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာယူနစ် များအလိုက် ကျေးရွာတစ်ယူနစ်လျှင် ငွေကျပ်သိန်း ၃၀၀ ကို အရင်းမပျောက် မတည်ရန်ပုံငွေအဖြစ် ကျေးရွာများကိုထုတ်ချေးပေးပြီး စီမံကိန်းကျေးရွာများ၏ လိုအပ်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ခွင့်ပြုဆောင်ရွက်စေခြင်း ဖြစ်ကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင်လည်း ကျေးရွာယူနစ်ပေါင်း ၄၀၀ ယူနစ်တွင် အကျိုးပြုကျေးရွာပေါင်း ၄၃၂ ရွာတွင် အကောင်ထည်ဖော်ဆောင်ရွက် ထားနိုင်ကြောင်း သိရသည်။

“ ဒီမြစိမ်းရောင်ကျေးရွာ စီမံကိန်းက ကျေးရွာယူနစ်တွေနဲ့ ရွေးချယ်ပြီး ကျေးရွာယူနစ် တစ်ယူနစ်ကို ငွေကျပ်သိန်း ၃၀၀ စီ ငွေထုတ်ချေးပေးတာပါ။ ကျေးရွာယူနစ်တစ်ယူနစ်မှာက ရွာတွေ အခြေအနေအရ တစ်ရွာထဲနဲ့လဲ တစ်ယူနစ်ဖြစ်သလို နှစ်ရွာ၊ သုံးရွာပေါင်း မှ တစ်ယူနစ်ဆိုပြီး သတ်မှတ်ရတာလဲရှိပါတယ်။ ဒါကြောင့် ဒီဘဏ္ဍာနှစ်မှာ ကျေးရွာယူနစ်ပေါင်း ၄၀၀ အတွက် အကျိုးပြုကျေးရွာပေါင်း ၄၃၂ ရွာမှာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ဆောင်ရွက်ထားနိုင်ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန(ရုံးချုပ်)မှ တာဝန်ရှိသူ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို နိုင်ငံတစ်းဝန်းတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိတွင် ကျေးရွာယူနစ်ပေါင်း ၉၉၃၇ ယူနစ်အတွက် အကျိုးပြုကျေးရွာပေါင်း ၁၂၈၄ ရွာတွင် ဆောင်ရွက် ထားနိုင်ပြီးဖြစ်ပြီ ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံး၏ ၁၉ ဒသမ ၁ ရာခိုင်နှုန်းခန့်ထိ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို လွှမ်းခြုံဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here