Jimin ရဲ့ ကြည်နူးဝမ်းမြောက်စရာအလှူ

0
243

Jimin ရဲ့ ကြည်နူးဝမ်းမြောက်စရာအလှူ

BTS အဖွဲ့ဝင် Jimin ဟာ ပိုလီယိုလူနာတွေအတွက် ကြည်နူးစရာအလှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဖွဲ့အစည်းရဲ့ အဆိုအရ Jimin ဟာ ကိုရီးယားဝမ် သန်း ၁၀၀(အမေရိကန်ဒေါ်လာ ၈၄၀၀၀ကျော်) ကို July လ က လှူဒါန်းခဲ့တယ် လို့ သိရပါတယ်။

Jimin ဟာ အလှူကို သူ့ဖခင်အမည်နဲ့ လှုဒါန်းခဲ့တာဖြစ်ပြီး ပိုလီယိုရောဂါပပျောက်စေရန် ကာကွယ်ဆေးများဖန်တီးရန်ရည်ရွယ်တဲ့ အဖွဲ့အစည်းကို လှူဒါန်းခဲ့တာပါ။

Jimin ဟာ အလှူအတန်းတွေကို တောက်လျှောက်လုပ်နေခဲ့တာဖြစ်ပြီး အရင်ကလည်း Busan High School of Arts, Busan MetropolitanOffice of Education နဲ့ Jeonnam Future Education Foundation တို့ကိုလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here