အသက်၇၀နှစ် အရွယ် ဓားသွေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အဘဦးမောင်ကြိုင်

0
401

အသက်၇၀နှစ် အရွယ် ဓားသွေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အဘဦးမောင်ကြိုင်

လှည်းတန်း၊ ကြည့်မြင်တိုင်၊ ရန်ကင်းနဲ့ တခြားမြို့တွေမှာ ဓားသွေးလုပ်ငန်းကို ရပ်ကွက်အလိုက် လိုက်လံပြီး လုပ်ကိုင်နေသူကတော့ အသက်၇၀နှစ် အရွယ် အဘ ဦးမောင်ကြိုင် ပဲဖြစ်ပါတယ်။ အသက်၇၀အရယ်ရောက်နေပေမယ့် အလုပ်လုပ်ရမှာကိုမကြောက်ဘဲ အလုပ် ကို ကြိုးကြိုးစားစားလုပ်ကိုင်သွားချင်တယ်လို့ အခုလိုပဲပြောပြခဲ့ပါတယ်။

“ အဘဒီဓားသွေးလုပ်ငန်းကို လုပ်ခဲ့တာ အနှစ်၃၀ရှိပြီ။ တပတ်ကို တစ်ရက်တော့နားတယ်။ ကျန်တဲ့၆ရက်ကတော့ နေ့တိုင်း ဓားသွေးရတဲ့ လုပ်ငန်းလုပ်ပြီး ဘဝကိုဖြတ်သန်းတယ်။ မနက်၄နာရီဆို အိပ်ရာထပြီး ဘုရားသောက်တော်ရေလဲတယ်။ ပြီးရင် လက်ဖက်ရည် အထုပ်လေး တခွက်သောက်တယ်။ မနက်၆နာရီလောက်ဆိုရင် ဓားသွေးတဲ့ လုပ်ငန်းစတင်တယ်။ အမှန်တော့ အဘဓားသွေးရတာနည်းတယ်။ သူများတွေက မုန့်ဖိုးပေးပြီး အိမ်ပြန် နားခိုင်းကြတယ်။ သူတို့နားခိုင်းပေမယ့် အလုပ်လုပ်ရမှ ကျန်းမာရေးကောင်းမယ် ဆိုတော့ အလုပ်ပဲ လုပ်ချင်တယ်။ အဘအလုပ်လုပ်ရမှာ မကြောက်ဘူး။ စိတ်ဓာတ်လဲမကျဘူး။ေသခါမှပဲစိတ်ဓာတ်ကိုချတော့မယ်။ အဘပြောချင်တာက လူတိုင်းလည်း စိတ်ဓာတ်မကျဘဲ အလုပ်ကိုကြိုးစားကြပါလို့အကြံပေးချင်ပါတယ်။” လိုပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here