စိတ်ဖိစီးမှုများတာရယ်၊ Mask တပ်ရတာတွေကြောင့် ဒီကာလမှာ ဝက်ခြံပိုအဖြစ်များကြတယ် ဒေါက်တာရဲထွန်းသူ

0
144

စိတ်ဖိစီးမှုများတာရယ်၊Maskတပ်ရတာတွေကြောင့် ဒီကာလမှာ ဝက်ခြံပိုအဖြစ်များကြတယ် ဒေါက်တာရဲထွန်းသူ


ဝက်ခြံဆိုတာ လူကြီး၊လူငယ်မရွေး ဖြစ်တတ်တဲ့ မျက်နှာပေါ်က အင်းဆက် တမျိုးလို့ပြောရပါမယ်။ အဓိကအားဖြင့် လူငယ်တွေမှာ ဝက်ခြံတွေ ပေါက်တာကို ပိုတွေ့ရတတ်ပါတယ်။ ကိုဗစ်ကာလမှာ Maskတွေတပ်ရ၊ စိတ်ဖိစီးမှုတွေ များတာကြောင့် ဝက်ခြံဖြစ်တဲ့သူ အများအပြား ရှိလာတယ်လို့ ဒေါက်တာရဲထွန်းသူ(Dr Face)က အခုလိုပဲပြောခဲ့ပါတယ်။

“ ဒီကာလ လူငယ်တွေမှာ ဝက်ခြံပေါက်တာတွေအရမ်းများတယ်။စိတ်ဖိစီးမှုတွေများတာရယ်၊ရောဂါအခြေအနေကြောင့် နေ့တိုင်း Mask တပ်ရတော့ ဝက်ခြံတွေ ပိုပေါက်တာတွေ များတယ်။ဝက်ခြံက မျက်နှာကို အရမ်းသန့်အောင်ထားရတယ်။ ကျွန်တော်တို့ တခါတလေဆို ညဘက် အသားအရေ မထိန်းသိမ်းဘဲ အိပ်မိတာမျိုးတို့၊ မျက်နှာမသစ်ဘဲ အိပ်မိတာမျိုးတွေက ဝက်ခြံကိုပိုဖြစ်ပေါ်စေပါတယ်။အဓိကက ညအိပ်ရာ ဝင်ခါနီး မျက်နှာအရေအပြားကို ထိန်းသိမ်းပြီးမှ အိပ်စေချင်ပါတယ်။ ဒါဆို ဝက်ခြံပေါက်တာ နည်းသွားပါလိမ့်မယ်။ ဝက်ခြံပေါက်နေတဲ့ သူတွေဟာ အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့လည်း ကုသနိုင်သလို ကျွန်တော်တို့ Dr Face မှာရှိတဲ့ ဝက်ခြံပျောက်တဲ့ ဆေးတွေနဲ့ လည်း ကုသလို့ရပါတယ်။ ဘာတွေနဲ့ပဲကုကု အဓိကက ဒီကာလဟာ စိတ်ဖိစီးမှုတွေများတဲ့ ကာလဆိုတော့ ဝက်ခြံပေါက်တာ က လည်း ပိုဖြစ်စေပါတယ်။”လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here