ကျောင်းကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်တာကြောင့် အဆောက်အအုံ အချို့ပျက်စီး

0
184

ကျောင်းကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် အဆောက်အအုံအချို့ပျက်စီး

ကျောင်းကုန်း၊ စက်တင်ဘာ ၂၄ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ဖျံတွင်းကျေးရွာနဲ့ ပိန်းချောင်ကျေးရွာတို့မှာ ယခုရက်ထဲ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဝန်ထမ်းအိမ်ရာ(၁)လုံး၊ လူနေအိမ်(၇)လုံး၊ ကားဂိုဒေါင် (၁)လုံးတို့ ပြိုကျပျက်စီးခဲ့ကာ စာသင် ကျောင်း(၁) ကျောင်း၊ ကျောင်းအိမ်သာ (၁)လုံးနှင့် လူနေအိမ်(၇) လုံးတို့ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အလားတူပဲ ဆိပ်သာကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာနှင့် ပန်းတောရိုးအုပ်စု၊ ကြိုးကြာချောင်ကြီး ကျေးရွာတို့မှာလည်း စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်(၂)လုံးပြိုကျခဲ့ပြီး၊ နေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ပါသေးတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here