မြန်မာနိုင်ငံအနီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်

0
158

မြန်မာနိုင်ငံအနီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်

စက်တင်ဘာလ ၂၄ရက် ယနေ့နေ့လည် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပါတယ်။

၎င်းလေဖိအားနည်း ရပ်ဝန်းကြောင့် နောက် ၂ရက်အတွင်းမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုး ထစ်ချုန်း ရွာသွန်းနိုင်ပြီး နေရာကွက်မိုးကြီးခြင်းတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ လာအိုနိုင်ငံမှာလည်း ကုန်းတွင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ မုန်တိုင်းငယ် အဖြစ်ကို အားလျော့သွားပြီလို့ သိရပါတယ်။ ဒါ့အပြင် တောင်တရုတ် ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “သရမ်မူ”ဟာ ဗီယက်နမ် နိုင်ငံအလယ်ပိုင်းကမ်းခြေ၊ ဒါနန်မြို့အနီးကို ယမန်နေ့ညက ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသေးတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံမှာ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန် ထားပါတယ်။

Source – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here