အသက် ၆၅နှစ်နဲ့ အထက် ပြည်သူများကို အမေရိကန်တွင် ကိုဗစ်ကာကွယ်ဆေး ၃ကြိမ်မြောက်ထိုးနှံ

0
146

အသက် ၆၅နှစ်နဲ့အထက်ပြည်သူများကို အမေရိကန်တွင် ကိုဗစ်ကာကွယ်ဆေး ၃ကြိမ်မြောက်ထိုးနှံ

စက်တင်ဘာလ ၂၃ရက်နေ့က အမေရိကန်နိုင်ငံမှာ အသက် ၆၅နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေကို ကိုဗစ်ကာကွယ်ဆေး ၃ကြိမ်မြောက် ထပ်ဆောင်း ထိုးနှံပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံထုတ် Pfizer ဆေးအမျိုးအစား ကို ထိုးနှံပေးခဲ့တာဖြစ်ပြီးတော့ သက်ကြီးရွယ်အိုတွေ၊ ရောဂါပြင်းထန်စွာခံစားရနိုင်သူတွေ၊ ဗိုင်းရပ်စ်နဲ့ တိုက်ရိုက်ထိတွေ့နေရသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကာကွယ်ဆေးတွေကိုထပ်ဆောင်းထိုးနှံပေးနိုင်ရန် Pfizer ဆေးတွေ ကို တိုးမြင့်ထုတ်လုပ်လျက်ရှိပါတယ်။

အမေရိကန်နိုင်ငံဟာ လူဦးရေ ၆၈သန်းနီးပါးကို ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်ထိုးနှံပေးခဲ့ပြီးပြီဖြစ်ပြီးတော့ ၁၄.၇သန်းကိုတော့ တစ်ကြိမ် ထိုးနှံပြီးပြီ လို့သိရပါတယ်။

Source – The Washington Post


LEAVE A REPLY

Please enter your comment!
Please enter your name here