နေပြည်တော်တွင် ကုန်ကျစရိတ်သက်သာသည့် ရေပေါ်ငါးမွေးလှောင်အိမ်ဖြင့် တစ်နိုင်တစ်ပိုင် ငါးမွေးမြူခြင်း စမ်းသပ်ဆောင်ရွက်

0
264

နေပြည်တော်တွင် ကုန်ကျစရိတ်သက်သာသည့် ရေပေါ်ငါးမွေးလှောင်အိမ်ဖြင့် တစ်နိုင်တစ်ပိုင် ငါးမွေးမြူခြင်း စမ်းသပ်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၅

 နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ကုန်ကျစရိတ်သက်သာသည့် ရေပေါ်ငါးမွေးလှောင်အိမ်ဖြင့် တစ်နိုင်တစ်ပိုင် ငါးမွေးမြူခြင်းကို စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် စတင်စပ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 နေပြည်တော်ပြည်ထောင်စု နယ်မြေတွင် ငါးမွေးမြူရေး လုပ်ငန်းရပ်တစ်ခုအဖြစ် ပေါ်ပေါက်လာစေ ရန်၊ ဒေသတွင်း ငါးထုတ်လုပ်မှု တိုးတက်ပြီး ငါးဈေးနှုန်းများတည်ငြိမ်စေရန်၊ ကျေးလက်နေပြည်သူ များ ဝင်ငွေတိုးစေရန်၊ ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန် သော ငါးများကို လူတိုင်းလုံလောက် စွာ စားသုံးလာနိုင်ကြစေရန်၊ ရေလှောင်ကန်များ၊ ရေကန်ကြီးများ အတွင်းတွင် ပိုက်လှောင်အိမ်စနစ် ဖြင့် ငါးမွေးရာတွင် မြေကန်တူးမွေးခြင်း ကိစ္စများကဲ့သို့ ကုန်ကျစရိတ်ကြီးမားစွာဖြင့် ဆောင်ရွက်ရန် မလိုအပ်ဘဲ စရိတ်သက်သာစွာဖြင့် ငါးမွေးမြူ ထုတ်လုပ် လာနိုင်စေရန်နှင့် ရေအရည်အသွေးကောင်း မွန်သော ရေပြင်ကျယ်များမှ နေရာကျဉ်းကျဉ်းဖြင့် ငါးရိက္ခာပိုမို ထုတ်လုပ် လာနိုင်ကြစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 “ ဒီကနေ့မှာ လယ်ဝေးမြို့နယ်က ချောင်းမငယ်ရေလှောင်တမံမှာ စပြီးစမ်းသပ်ဆောင်ရွက်တာပါ။ အခုမှ စမ်းသပ်ဆောင်ရွက် သရုပ်ပြတဲ့ သဘောပါ။ နောက်ပိုင်းမှာတော့ ငါးမွေးမြူဖြစ်ထွန်းမှု နည်းပညာတွေကို ဒေသခံတွေဆီ ပညာပေး ဖြန့်ဝေတာတွေ၊ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံနိုင်ရေးတို့ကိုလည်း နောက်ပိုင်းမှာ စည်းရုံးဖိတ်ခေါ်သွားမှာဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာန က တာဝန်ရှိသူ တစ်ဦးကပြောသည်။

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းက လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံအတွင်း ရေပေါ် ငါးမွေးလှောင်အိမ်ဖြင့် တစ်ပိုင်တစ်နိုင် ငါးမွေးမြူခြင်းကို သရုပ်ပြမွေးမြူခြင်းဆောင်ရွက်နိုင်ရန် အတွက် သဘာဝနှင့်ကိုက်ညီသည့် ငါးသားပေါက်များအား ရေပေါ်လှောင်အိမ်အတွင်းသို့ မျိုးစိုက် ထည့်ပေးခဲ့ကာ စမ်းသပ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here