“၁၀လပိုင်းကျော်လောက်ထိ ဆေးခန်းမှာ ပြသဖို့ကြိုတင်စာရင်းပေးထားတဲ့ လူတွေအများကြီး ရှိနေတဲ့ ထူးခန့်ကျော်ရဲ့ဆေးခန်း”

0
778

“၁၀လပိုင်းကျော်လောက်ထိ ဆေးခန်းမှာ ပြသဖို့ကြိုတင်စာရင်းပေးထားတဲ့ လူတွေအများကြီး ရှိနေတဲ့ ထူးခန့်ကျော်ရဲ့ဆေးခန်း”

သရုပ်ဆောင်ထူးခန့်ကျော်ရဲ့ အခမဲ့ဆေးခန်းလေးမှာ လေဖြတ်၊ဒူးနာ၊အဆစ်အမြစ်ကိုက်ခဲစတဲ့ ရောဂါတွေကို ကုသပေးနေတာဖြစ်ပြီး သွားကုသတဲ့ လူတော်တော်များများ သက်သာပျောက်ကင်း သွားကြတာဖြစ်လို့ သူ့ရဲ့ဆေးခန်းကို လာရောက်ကုသတဲ့လူ များစွာ ရှိနေပါတယ် ။ဆေးခန်းမှာ လာရောက်ကုသတဲ့သူတွေ အကုန်လုံးကိုလည်း အခမဲ့ ကုသပေးတာဖြစ်ကြောင်း ထူးခန့်ကျော်က အခုလို ပဲပြောခဲ့ပါတယ်။

“ အကို့ဆီမှာ လာရောက်ကုသတဲ့သူတွေက သက်သာပျောက်ကင်းသွားတယ် ဆိုတဲ့ သတင်းကြားရတော့ ဝမ်းသာမိတယ်။ ဘာပဲပြောပြော အကို တက်နိုင်သလောက်လေး ကူညီတာပေါ့နော်။ လေဖြတ်ရောဂါဝေဒနာသည်တွေ လာရောက်ကုသကြတယ်။ လူကောင်းတယောက်လို သက်သာပျောက်ကင်း သွားကြတာတွေ့တယ်ဝမ်းသာပါတယ်။ အခုဆို တိုကင်တွေဘာတွေ မဟုတ်ဘဲနဲ့ ဖုန်းဆက်ပြီး ဘိုကင် ယူကြတဲ့ သူတွေတောင် ၁၀လပိုင်းလကုန်လောက်အထိ လူကအပြည့်ပဲဖြစ်နေတယ်။ အဲ့ဒီအတွက် လည်း စိတ်ချမ်းသာ မိပါတယ်။ ကျွန်တော်နဲ့ ကံစပ်လို့ ပျောက်ကင်းသွားတဲ့သူတွေအတွက်လည်း အရမ်းဝမ်းသာမိပါတယ်။”လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here