ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို အောက်တိုဘာ ၃၁ ရက်နေ့တွင် ကိုဗစ် စည်းမျဉ်းများနှင့် အညီ ကျင်းပပြုလုပ်မည်

0
174

ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုအောက်တိုဘာ၃၁ရက်နေ့တွင် ကိုဗစ်စည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ (၄၄)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အတွက် ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁၀၀ကို စက်တင်ဘာလ၂၃ရက်နေ့က ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းခဲ့ပါတယ်။

အဆိုပါ အလှူငွေများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် အမှုဆောင်များက လက်ခံရယူကြပြီး လှူဒါန်း ရရှိသော ငွေကျပ်သိန်း ၁၀၀ကို အသက် ၇၀နှစ်နှင့်အထက် သက်ကြီး ရုပ်ရှင်ပညာရှင် ၁၄၉ဦး အားမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး စီစဉ်မှုဖြင့် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်ဖြစ်သော အောက်တိုဘာ ၃၁ရက်တွင် နှစ်စဉ် ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် လည်း ကျန်းမာရေး ဝန်ကြီးဌာန ကထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက် များနှင့် အညီကျင်းပပြုလုပ် သွားမှာ ဖြစ်တယ် လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here