ဖမ်းခံထားရသူ လွတ်မြောက်လိုလျှင် သိန်း၂၀၀ပေးရမည်ဟု နန်းတွင်းအရာရှိ ဟန်ဆောင်ကာ ငွေတောင်းခဲ့သူတို့ကို ဖမ်းထားဟု ရဲတပ်ဖွဲ့ထုတ်ပြန်

0
236

ဖမ်းခံထားရသူ လွတ်မြောက်လိုလျှင် သိန်း၂၀၀ပေးရမည်ဟု နန်းတွင်းအရာရှိ ဟန်ဆောင်ကာ ငွေတောင်းခဲ့သူတို့ကို ဖမ်းထားဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

မန္တလေး၊ စက်တင်ဘာ၂၇ရက်

PDF အဖွဲ့ဝင်များအား ငွေကြေးထောက်ပံ့သူဟု စွပ်စွဲခံရပြီး ထိန်းသိမ်းစစ်ဆေးခံနေရသူအား ပြန်လွတ်လိုလျှင် သိန်း၂၀၀ပေးရမည် ဟုဆိုကာ စွပ်စွဲခံရသူ၏ အမျိုးသမီးထံ မယားညီအကိုတော်သူက နန်းတွင်းအရာရှိ အယောင်ဆောင်သူကာ တောင်းယူခဲ့မှု တစ်ခု မန္တလေး တွင် ဖြစ်ခဲ့သည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းမှ စတီးလ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကို PDF အဖွဲ့ဝင်များအား ငွေကြေးထောက်ပံ့မှု စွပ်စွဲချက်ဖြင့် ရဲနှင့်စစ်သားများက စက်တင်ဘာ ၁၁ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့သည်။ခိုင်မာသည့် သက်သေအထောက်အထား မရှိဘဲ စွပ်စွဲခံရသူဖြစ်နေ၍ စက်တင် ဘာ ၁၈ ရက်တွင် ပြန်လွတ်လာခဲ့သည်။

စွပ်စွဲခံရသူ ဖမ်းခံထားရသည့်ကာလအတွင်း စွပ်စွဲခံရသူ၏မိန်းမဖြစ်သူထံ မယားညီအကိုတော်သူက နန်းတွင်းအရာရှိ တစ်ဦးဟု ကိုယ့် ကိုကိုယ် ဟန်ဆောင် မိတ်ဆက်ပြီး ဖုန်းဆက်လာကာ ပြန်လည်လွတ်မြောက်ရန်အတွက် ငွေကျပ်သိန်း ၂၀၀ ပေးရမည်ဟု တောင်းခံ လာခဲ့သည်။ စွပ်စွဲခံရသူ၏အမျိုးသမီးက မယားညီအကိုကိုမသိဘဲ နန်းတွင်းအရာရှိသာထင်၍ ငွေကျပ်သိန်း ၁၆၀ သာ ပေးနိုင်မည် ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပြီး ယင်းသို့ ငွေတောင်းခံမှုကို စက်တင်ဘာ ၁၄ ရက်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တာဝန်ရှိ သူများထံသို့ အကြောင်းကြားခဲ့သည်။

နန်းတွင်းအရာရှိ အယောင်ဆောင်သူ မယားညီအကို၏ လိမ်လည်ငွေတောင်းခံမှုနှင့် ဆက်နွယ်သူများ ဖြစ်သည့် (၎င်းတို့မှာ ငွေလွဲကို ထုတ်ယူကြမည့်သူများဖြစ်သည်) ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)နေ အသက် (၂၀)အရွယ် လူငယ်တစ်ဦးနှင့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂)မြမာလာရပ်နေ အသက်(၃၂)အရွယ် လူရွယ်တစ်ဦး တို့ကို စက်တင်ဘာ ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့ရာ မှတဆင့် မယားညီအကို ဆောင်ရွက် ခဲ့မှန်းသိရှိခဲ့ရခြင်းဖြစ်သည်။

မယားညီအကိုရှိရာ ပြင်ဦးလွင်အိမ်သို့ ရှာဖွေရာ ညီမဖြစ်သူကိုသာတွေ့ခဲ့ရပြီး မယားညီအကိုမှာမူ ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းမမိခဲ့ ဟုသိရသည်။

မယားညီအကိုသည် သတင်းမှားများပေး၍ ဖမ်းဆီးခံရအောင်လုပ်ခဲ့သူလည်းဖြစ်သည်ဟု ထွက်ဆိုချက်များအရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here