လာမည့် ခြောက်လ ဘတ်ဂျတ်ကာလတွင် ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်း ဒေသကြီးတွင် စနစ်ကျလယ်ယာ မြေဧက ၅၀၀ ဖော်ဆောင်သွားမည်

0
190

လာမည့် ခြောက်လ ဘတ်ဂျတ်ကာလတွင် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် စနစ်ကျလယ်ယာ မြေဧက ၅၀၀ ဖော်ဆောင် သွားမည်

နေပြည်တော် စက်တင်ဘာ ၂၇

 လာမည့် ခြောက်လဘတ်ဂျတ်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စနစ်ကျလယ်ယာမြေဧက ၅၀၀ ကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)မှ သိရသည်။

 နိုင်ငံအတွင်း စနစ်ကျလယ်ယာမြေဖော်ဆောင်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသလို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အစီအစဉ်တို့ဖြင့် ဖော်ဆောင်ခြင်းများရှိပြီး နိုင်ငံတကာအကူအညီများဖြင့်လည်း ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ခြောက်ခုတွင် စနစ်ကျလယ်ယာမြေ ဧက ၇၀၀ ကိုဖော်ဆောင်ပေးထားပြီး လာမည့် ခြောက်လတာဘတ်ဂျတ်ဖြစ်သည့် အောက်တိုဘာလမှ မတ်လထိအ တွင်း ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စနစ်ကျလယ်ယာမြေဧက ၅၀၀ ကို ထပ်မံ ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 “ ဒီခြောက်လဘတ်ဂျတ်မှာတော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတိုမှာ ပြည်ထောင်စုရန်ပုံငွေနဲ့ပဲ ဧက ၅၀၀ ထပ်ပြီးဖော်ဆောင် ပေးသွားမှာပါ။ ရန်ကုန်တိုင်းမှာက ဧက ၃၀၀၊ မန္တလေးတိုင်းမှာတော့ ဧက ၂၀၀ ပါ။ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လျာထားချက် ကတော့မထွက်သေးဘူး။ သူတို့ အစီအစဉ် နဲ့ သူတို့ ဆောင်ရွက်ကြမှာပါ” ဟု စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 မြန်မာနိုင်ငံတွင် လယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှုလုပ်ငန်းများ လျင်မြန်စွာ တိုးတက်လျက်ရှိပြီး လက်ရှိ စက်မှုလယ်ယာ ဝန်ဆောင်မှုအသင်း ၁၃၅ သင်း ကို ခိုင်မာသော စီးပွားရေးလုပ်ငန်းများအဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး နှင့် သမဝါယမအသင်းများအဖြစ် ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး တို့အတွက် အားပေးဆောင်ရွက်လျက်ရှိသလို အားကောင်းသော လယ်ယာလုပ်ငန်း အခြေပြု စီးပွားရေး လုပ်ငန်း များ ပေါ်ပေါက်လာစေရန် စီမံအုပ်ချုပ်ရေး ဆိုင်ရာ ၊ ငွေကြေး စီမံခန့်ခွဲမှု ဆိုင်ရာ နည်းပညာများ ကိုလည်း သက်ဆိုင်ရာ ဌာန များက ပူးပေါင်းကူညီ ပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here