တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ရွှေလေးပိဿာကျော်ကို မောင်တောတွင်ဖမ်းမိ

0
381

တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ရွှေလေးပိဿာကျော်ကို မောင်တောတွင်ဖမ်းမိ

မောင်တော၊ စက်တင်ဘာ ၂၇ရက်

ရခိုင်ပြည်နယ် မောင်တောတွင် တစ်ဖက်နိုင်ငံသို့တရားမဝင်တင်ပို့မည့် ရွှေချောင်းနှင့်ရွှေများ ဖမ်းဆီးရမိ မှု ယမန်နေ့ ညနေက ဖြစ်ခဲ့သည် ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာအနီး မောင်တော-တောင်ပြို ကားလမ်းပေါ် ဖြတ်သန်းသွားနေသော မော်တော် ယာဉ် များအားစစ်ဆေးနေစဉ် ရွှေများတွေ့ရှိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်အရ အကယ်ဒမီတံဆိပ်ပါ ၁၀ ကျပ်သားရှိ အခေါက်ရွှေ ၃၉ ချောင်း၊ ရွှေထည်လက်ဝတ် ရတနာမျိုးစုံ ၂၈ ကျပ်သား၊ စုစုပေါင်း ရွှေ ၄ ပိဿာ ၁၈ ကျပ်သားနှင့် မြန်မာငွေသိန်း ၅ဝ ကျပ်အား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ-၈ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်းရဲကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here