မန္တလေးမြို့ က.ည.န ရုံး ပေါက်ကွဲမှုဖြစ်

0
184

မန္တလေးမြို့ က.ည.န ရုံး ပေါက်ကွဲမှုဖြစ်

မန္တလေး၊စက်တင်ဘာ ၂၇ရက်

မန္တလေးမြို့ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးတွင် ယနေ့ စက်တင်ဘာ၂၇ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒုတိယအကြိမ်မြောက် ထပ်မံပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယခင်တစ်ကြိမ်ထက် ထိခိုက်ဒဏ်ရာရသူအရေအတွက်ပိုများခဲ့သည်ဟု အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

ပုံ- သိပ္ပံလမ်း ကညနရုံးရှေ့ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်က ပေါက်ကွဲမှု

“ပထမတစ်ခေါက်ပေါက်တုန်းက တစ်ယောက်တော့ ထိတယ်ကြားတယ်။ အခုတစ်ခေါက် ပေါက်တာက ၇ယောက်၊၈ယောက်လောက် ထိတယ်ကြားရတယ်။ဒီတစ်ခေါက် ဆိုင်ကယ်သက်တမ်းလာတိုးတဲ့သူတွေကအများကြီးလေ”ဟု မန္တလေးဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံပို့ထားသည်ဟု အရပ်ဘက်အဖွဲ့ အစည်းအချို့ကပြောသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here