ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ရတဲ့အတွက် ဘဝကပျော်ဖို့ကောင်းတယ်

0
153

ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ရတဲ့အတွက် ဘဝကပျော်ဖို့ကောင်းတယ်။


မြို့ထဲလမ်းတွေမှာ တစ်လမ်းဝင်တစ်လမ်းထွက် သီချင်းတွေဆိုပြီး ပိုက်ဆံအလှူခံနေပြီး ဘဝကို ဖြတ်သန်းနေခဲ့တာကတော့ အသက် ၅၀ကျော် အရွယ် မျက်စိကွယ်နေတဲ့ ဦးမာတူးပဲဖြစ်ပါတယ်။ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ကိုင်ချင်တဲ့အတွက် ယခင်ဝမ်းရေးဖြစ်တဲ့ လက်မှုပညာကို မလုပ်တော့ဘဲ ဝါသနာပါရာ သီချင်းဆိုတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တာ အခုဆိုရင် ၁နှစ်ကျော်သက်တမ်းကို ရောက်ရှိလာ ခဲ့ပြီဖြစ်တယ်လို့ ဦးမာတူးကအခုလိုပဲပြောပြခဲ့ပါတယ်။

“ ကျွန်တော်အရင်ကတော့ လက်မှုပစ္စည်းလေးတွေ လုပ်ပြီး ရောင်းတယ်၊ အဲ့ကရတဲ့ ငွေလေးတွေနဲ့ပဲ စားဝတ်နေရေး ကိုဖြေရှင်းခဲ့တယ်။ အခုတော့ အသက်အရွယ်လည်းကြီးလာပြီဆိုတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ကိုင်ချင်တာ ဖြစ်တဲ့အတွက် မြို့ထဲလမ်းတွေမှာ သီချင်း ဆိုတဲ့ အလုပ်လေးကိုလုပ်တယ်။အဲ့ဒီအချိန်မှာ တချို့ကသီချင်းဆိုတာကို ကြိုက်လို့ဆိုပြီး ပိုက်ဆံတွေလှူတယ်။အဲ့ဒါကနေ သီချင်း ဆိုတဲ့ အလုပ်လေးလုပ်ပြီး လှူတဲ့ပိုက်ဆံနဲ့ စားသောက်ပြီး ဘဝကိုဖြတ်သန်းပါတယ်။ ဒီအလုပ်ကို လုပ်လာတာလည်း ၁နှစ်ကျော်  လောက်ရှိပြီ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရတဲ့ အတွက် ကိုယ့်အတွက်လည်း စိတ်ပျော်ရွှင်ရတယ်။ လမ်းလျှောက်ပြီး သီချင်းတွေ ဆိုရတဲ့ အတွက် ကျန်းမာရေးလည်းကောင်းတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ဘဝလေးကို ကျေနပ်ပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here