Instagram မှာ ဒုတိယ Follower အများဆုံးဖြစ် လာတဲ့ Jung Ho Yeon

0
330

Instagram မှာ ဒုတိယ Follower အများဆုံးဖြစ် လာတဲ့ Jung Ho Yeon

Squid Game ဇာတ်လမ်းထဲမှာပါဝင်တဲ့ မင်းသမီး Jung Ho Yeon ဟာ Instagram မှာ ဒုတိယ Follower အများဆုံး သရုပ်ဆောင် တယောက်ဖြစ်လာပါတယ်။

Follower ၁၂သန်းကျော် ရှိတဲ့ မင်းသမီး Song Hye Kyo ကိုကျော်ပြီး ဒုတိယမြောက် Follower အများဆုံး သရုပ်ဆောင်ဖြစ်လာခဲ့တာပါ။

မော်ဒယ်အပြင်သရုပ်ဆောင် တယောက်ဖြစ်တဲ့ Jung Ho Yeon ဟာ Squid Game မှာ ပါဝင်ပြီးတဲ့နောက်မှာ Follower အရေ အတွက်ဟာ အရင်က ၄သိန်းကျော်ရှိရာကနေ ၂ ပတ်အတွင်း ၁၂.၆ သန်းထိမြင့်တက်ခဲ့ပြီး ၃ဆလောက်မြင့်တက်လာတာပါ။

Jung Ho Yeon ဟာ Instagram မှာ ၁၂.၉ သန်းကျော်နဲ့ Follower အများဆုံးရထားတဲ့ မင်းသမီး Lee Sung Kyung ကို အမှီလိုက် ဖို့တောင် ဖြစ်နိုင်တယ်လို့ ပြောဆိုနေသူတွေလည်း ရှိပါတယ်။

ဒါ့အပြင် Jung Ho Yeon ဟာ ပရိတ်တွေချစ်ခင် နှစ်သက်ကြတဲ့ BlackPink အဖွဲ့ဝင် Jennieရဲ့ အချစ်ဆုံးသူငယ်ချင်းတယောက်လည်း ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here